News

POST TAGGED AS

လုပ်ငန်းရှင်များ

ဗန်းမော်တွင် ကချင်တိုင်းရင်းသားစာပေ သင်ကြား
ဗန်းမော်၊ မတ် ၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ မတ်လဆန်းမှစတင်ကာ ဧပြီလလယ်အထိ ကချင်တိုင်းရင်းသားစာပေများကို သင်ကြားပေးနေကြောင်း ကချင်စာသင်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးနန်းဇိန်းကမ်ဖန်က ပြောကြားသည်။

ကချင်တိုင်းရင်းသား စာပေကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေနှင့် စာပေမပျောက်စေရန် လက်ဆင့်ကမ်းခြင်းဖြစ်ကြောင်း ကလေးသူငယ်များအရေး ဆောင်ရွက်သည့် ကော်မတီဝင် အတွင်းရေးမှူး ဓမ္မဆရာဦးဘရန်ထွယ်က ရှင်းပြသည်။ 

ဗန်းမော်မြို့နယ်ရှိ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး တိုက်နယ်မှ ကျေးရွာ၊ ရပ်ကွက် ၁၆ ခုတွင် မတ်လ ၅ ရက်မှ ဧပြီလ၂၀ ရက်အထိ ကချင်တိုင်းရင်းသားစာပေကို သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းအဆင့် စာပေများကို သင်ကြားပို့ချပေးနေကြောင်း သင်ကြားရေးကော်မတီထံမှ သိရသည်။ 

ကချင်တိုင်းရင်းသား စာပေကို ဗန်းမော်တွင်သာမက ကချင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင် သင်ကြားပေးနေကြောင်း ကချင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီထံမှ စုံစမ်းသိရှိရသည်။ 

R-14



FOLLOW US