News

POST TAGGED AS

လုပ်ငန်းရှင်များ

တိုင်းရင်းသားမျိုးနွယ်စု ရှစ်မျိုးကိုအခြေခံ၍ မျိုးနွယ်စုတစ်ခုချင်းစီအလိုက် မဲပေးစနစ်နှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။
တရုတ်စီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရှိ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အဓိကစိတ်ဝင်စားလျက်ရှိကြောင်း မြန်မာသို့ လာရောက်လေ့လာသည့် ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။
ယခင်အစိုးရလက်ထက်က အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) က ကျပ် ၃၀ ဘီလီယံ ထုတ်ချေးပေးခဲ့ရာ လုပ်ငန်းရှင် ၂၀ ဦးထံမှ ကျပ် ခြောက်ဘီလီယံ ကျန်ရှိနေသောကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း SMID Bank အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများဝယ်ယူရန် ရုရှားနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းရှင်များက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် အရှေ့တောင်အာရှနိုင်ငံများတွင်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အစိုးရအဖွဲ့အစည်းမဟုတ်သော တရုတ်- အရှေ့တောင်အာရှ စီးပွားရေးအသင်းတစ်ခု တည်ထောင်မည်ဖြစ်သောကြောင့် မြန်မာလုပ်ငန်းရှင်များပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ ချေးငွေမြန်မြန်ဆန်ဆန် ရရှိရန်အတွက် စည်ပင်သာယာရေး ကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ အကူအညီများပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။
ငြိမ်းချမ်းရေးကိုဦးတည်၍ တိုင်းရင်းသားဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်နှင့် United Nations Global Compact Network Myanmar တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို မတ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
အင်္ဂလိပ်စာဖြင့် Entrepreneur ကို စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေးစွမ်းဆောင်ရှင်ဟု မြန်မာလို ပြန်ဆိုကြပါသည်။ အင်္ဂလိပ်အဘိဓာန်တွင် (a person who sets up a business or businesses, taking on financial risks in the hope of profit) ဟူ၍ ဖွင့်ဆိုပါသည်။ စွန့်ဦးဆိုခြင်းထက် အခက်အခဲများကို စွန့်စားပြီး ကျော်လွှားကာ အောင်မြင်ချမ်းသာအောင် လုပ်ဆောင်နိုင်သူများ ဖြစ်သည်။
မွန်ပြည်နယ်တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်သည့် စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးစာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်သည်ဟု မွန်ပြည်နယ် အခွန်ဦးစီးဌာနရုံးမှ သိရသည်။
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲကို မတ်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ရာ ယင်းရွေးချယ်ပွဲကို ကန့်ကွက်ကြောင်း မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်များက ပြောကြားသည်။