News

POST TAGGED AS

လီဗာပူးလ်

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဒုဥက္ကဋ္ဌ အက်ဝုဒ်ဝါးဒ်ကို ခံစစ်အားဖြည့်ရန်အတွက် ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို အမြန်ဆုံး ခေါ်ယူပေးပါရန် တောင်းဆိုလိုက်ပြီဖြစ်ပြီး မိုက်ကယ်ကိန်း ကိုယ်တိုင်ကလည်း မန်ယူထံသို့ ပြန်လည် ပြောင်းရွှေ့ခွင့် ရနိုင်ရေးကို စိတ်အားထက်သန်မှုများ ရှိနေကြောင်း The Sun က ဖော်ပြထားသည်။
10-Feb-2017 tagged as လီဗာပူးလ်
လီဗာပူးအသင်းသည် အသင်းကွင်းလယ်ကစားသမား လယ်လာနာကို စာချုပ်သစ် ချုပ်ဆိုရန်အတွက် တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကာ စာချုပ်သစ် အထမြောက် အကောင်အထည် ပေါ်လာခဲ့ပါက လယ်လာနာ၏ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်မှာ ပေါင်တစ်သိန်းခွဲအထိ မြင့်တက်သွားတော့မည် ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
02-Feb-2017 tagged as လီဗာပူးလ်
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် လီဗာပူးနှင့် ချယ်လ်ဆီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် လီဗာပူး ကွင်းလယ်ကစားသမား ဝစ်ဂ်ျနယ်လ်ဒမ်းကို ဘီယာပုလင်းနှင့် ပစ်ပေါက်ခဲ့သည့် ဖြစ်စဉ်အတွက် ချယ်လ်ဆီးကို စွဲချက်တင်သွားတော့မည် ဖြစ်ကြောင်း DPA က ဖော်ပြထားသည်။
26-Jan-2017 tagged as လီဗာပူးလ်
လီဗာပူးအသင်းသည် ကွင်းလယ်ကစားသမား ကော်တင်ညိုကို အသင်းသမိုင်းကြောင်း တစ်လျှောက် စံချိန်တင် လုပ်ခလစာ ပေးချေ၍ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကာ ယင်းစာချုပ်သစ်အရ ကော်တင်ညိုမှာ လာမည့် ၂၀၂၂ ခုနှစ်တိုင်သည်အထိ လီဗာပူးထံတွင် ဆက်ရှိသွားတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
23-Jan-2017 tagged as လီဗာပူးလ်
လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်သည် ဆွမ်ဆီးက လီဗာပူးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အသင်းအနေနှင့် အသင်းငယ်များကို ယခုကဲ့သို့ ရှုံးနိမ့်နေမည် ဆိုပါက ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် နီးစပ်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ဟု သတိပေးစကား ပြောကြားသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မန်ယူနှင့် လီဗာပူးတို့ပွဲစဉ်ကို ပင့်ကူကင်မရာဖြင့် ရိုက်ကူးရန်အတွက် မန်ချက်စတာ မြို့တော်ဝန် ကောင်စီက Sky Sports မီဒီယာကို ခွင့်ပြုလိုက်ပြီဖြစ်ကာ ယင်းအတွက် မန်ယူနှင့် လီဗာပူးတို့ ပွဲစဉ်တွင် အပေါ်စီးမှ ရိုက်ကူးသည့် မြင်ကွင်းများကို ရုပ်သံပရိသတ်များ ကြည့်ရှုခွင့် ရရှိကြတော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
29-Dec-2016 tagged as လီဗာပူးလ်
လီဗာပူးအသင်း နောက်ခံကစားသမားဟောင်း ကာရေဂါသည် လက်ရှိအသင်းနည်းပြ ဂျာဂင်ကလော့ပ်ကို ဂိုးသမားနေရာအတွက် တိုရီနိုထံသို့ အငှားသွားရောက် ကစားနေရသည့် မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို ခေါ်ယူရန် အကြံပြု တိုက်တွန်းလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Nov-2016 tagged as လီဗာပူးလ်
အမေရိကန် မေဂျာလိဂ်ကကလပ် အယ်လ်အေဂလက်ဆီ အသင်းတွင် ပါဝင်ကစားနေသည့် လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်သည် အယ်လ်အေဂလက်ဆီနှင့် ချုပ်ဆိုထားသည့် လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ကစားသမားဘဝက အနားယူတော့မည်ဟု အတည်ပြု ပြောကြားလိုက်ကြောင်း BBC က ဖော်ပြထားသည်။
11-Oct-2016 tagged as လီဗာပူးလ်
လာမည့် တနင်္လာနေ့တွင် ကစားကြမည့် မန်ယူနှင့် လီဗာပူးလ်တို့၏ ပွဲစဉ်အား ကွင်းလယ်ဒိုင် အန်တိုနီတေလာက တာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်သည်။
01-Oct-2016 tagged as လီဗာပူးလ်
လီဗာပူးလ်အသင်း၏ နည်းပြ ဂျာဂန်ကလော့ပ်က ၎င်းအနေဖြင့် အသက် ၆၀ မတိုင်မီ နည်းပြဘဝမှ အနားယူရန် ဆန္ဒရှိနေသည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။