News

POST TAGGED AS

လှိုင်သာယာ

ဒဂုံတောင်တွင် အမျိုးသမီးတစ်ဦး နေအိမ်အတွင်း အသတ်ခံရ
ရန်ကုန်၊ ဧပြီ ၃ 

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၆ ရပ်ကွက်၊ မိုးစန္ဒာလမ်းတွင် ဧပြီလ ၃ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က နေအိမ်အတွင်း ပါးစပ်အား ပုဆိုးစဖြင့် ပိတ်ဆို့ကာ လည်ပင်းကိုပုဆိုးဖြင့် ရစ်ပတ်ချည်နှောင်၍ အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၅၄ နှစ် ဒေါ်နှင်းကြည်မှာ နေအိမ်တွင် ၎င်းတစ်ဦးတည်း ကျန်ရစ်ချိန် အသတ်ခံရခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခင်ပွန်းနှင့် သားဖြစ်သူက စတင်မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

“ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူက အလုပ်ကိစ္စတစ်ခုနဲ့ နေပြည်တော်ကိုရောက်နေပြီး ဧပြီလ ၃ ရက် မနက်ပိုင်းက နေအိမ်ကို ပြန်လာတယ်။ အိမ်ရှေ့တံခါးက အပြင်ဘက်က သော့ခတ်ထားတယ်။ အိမ်ထဲက ဇနီးကို အော်ခေါ်တော့လည်း ဘာသံမှ ပြန်မကြားရတာကြောင့် သော့ဖျက်ပြီး အိမ်ထဲဝင်ကြည့်တော့ အိမ်ခန်းအဝမှာ သေဆုံးနေသူကို တွေ့ခဲ့တာလို့ အမှုဖွင့်တိုင်ချက်အရ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

သေဆုံးသူ အမျိုးသမီး၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် သွေးစများ အနည်းငယ်ပေကျံလျက်ရှိပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ရန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက (ပ) ၆၉၈/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US