News

POST TAGGED AS

လှိုင်သာယာ

လှိုင်သာယာမြို့နယ်၊ ၁၀ ရပ်ကွက်၊ ရေစကြိုလမ်းတွင် ဖေဖော်ဝါရီလ ၂၀ ရက် ည ၁၂ နာရီဝန်းကျင်က မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သတင်းရရှိထားသည့် အဆောင်လိုင်းခန်း တစ်ခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာ အမျိုးသားသုံးဦးနှင့်အတူ မူးယစ်ဆေးဝါးနှင့် ဓားလက်နက်များကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စက်မှုဇုန် (၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းဝင်းအတွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပြုပြင်နေသော Family Win ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်းရှိ ငါးမန်းတံတားအနီးတွင် ဖေဖော်ဝါရီလ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်က လူသုံးဦးစီးလာသည့် မော်တော်ဆိုင်ကယ်တစ်စီးရှေ့ လမ်းပိတ်ရပ်ကာ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ကားသော့တစ်ချောင်း လုယူသွားသည့်အဖွဲ့ကို နှစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ နတ်ရှင်နောင်လမ်းပေါ်တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီခန့်က ခရီးသည်လုရာက ဆိုင်ကယ်ကယ်ရီသမား အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ပြည်ပပို့ကုန်များ နိုင်ငံတကာအဆင့်မီ အရည်အသွေး ထိန်းသိမ်းနိုင်ရန်နှင့် ရက်ရှည်သိုလှောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်စည်သိုလှောင်ရေး ဗဟိုစခန်းကို ရန်ကုန်ဆင်ခြေဖုံးဒေသ လှိုင်သာယာမြို့နယ်တွင် တည်ဆောက်မည်ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်တဲ အိမ်တစ်လုံးတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးသွေးမီးဖိုဖြင့် ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားရာက စတင်မီးလောင်ခဲ့ပြီး ကျူးကျော်တဲ အိမ်အလုံး ၇၀ ခန့် မီးလောင်ဆုံးရှုံးကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူလျက်ရှိရာ ခန့်မှန်းသည်ထက် နှစ်ဆကျော် ရှိနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
24-Mar-2017 tagged as လှိုင်သာယာ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် ဆက်သွယ်ထားသော တံတားငါးစင်း အပါအ၀င် တံတားကိုးစင်းကို လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ဖြတ်သန်းခ ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနထံမှ သိရသည်။
"ခါးပိုက်နှိုက်အဖွဲ့က လိုင်းကားပေါ်က ဆင်းပြေးပြီး နောက်မှာ လိုက်ပါလာတဲ့ သူတို့အဖွဲ့ ငှားထားတဲ့ တက္ကစီပေါ် တက်ပြေးတာ၊ ပိတ်ဆို့ဖမ်းဆီး ရာက ခေါင်းဆောင် အမျိုးသား လွတ်သွားပြီး လေးယောက်ကိုပဲ မိခဲ့တယ်၊ ကားပေါ်မှ တုတ်နဲ့ ဓားတွေပါ သိမ်းဆည်း ရမိခဲ့တယ်"