News

POST TAGGED AS

လိုင်စင်မဲ့

15-Aug-2017

လိုင်စင်မဲ့
နေပြည်တော်တွင် လိုင်စင်မဲ့ကားများ ဖမ်းမိ
တောင်ငူ၊ သြဂုတ်၁၅

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာရပ်ကွက် အမှတ်၂၁ လမ်းရှိ ရေဆေးဆီလိုက်ဆိုင် တစ်ဆိုင်တွင် သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးရမိခဲ့ကြောင်း ပတ္တာနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကားအမျိုးအစားက ပေါင်းစုံပါပဲ။ လက်ရှိမှာ ရေဆေးဆီလိုက်ပိုင်ရှင်ကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်” ဟု အဆိုပါစခန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းနေ့က အားမာန်သစ် ရေဆေးဆီလိုက်အလုပ်ရုံတွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရှာဖွေရာမှ YGN လိုင်စင်နံပါတ်ပြားမျိုးစုံ တပ်ထားသည့် တရားမဝင် မော်တော်ယာဉ်ကိုးစီးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပတ္တာနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တရားမဝင် လိုင်စင်မဲ့ယာဉ်များ လက်ဝယ်ထားရှိသူ ဦးသိန်းဇော်ကို ပတ္တာနယ်မြေ ရဲစခန်းက (ပ) ၃၄၀/၂၀၁၇ တရားမဝင် ပို့ကုန်သွင်းကုန်များ အက်ဥပဒေပုဒ်မ ၁ နှင့် (ပ) ၃၄၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။ 

R-15
ဓာတ်ပုံ-KKN



FOLLOW US