News

POST TAGGED AS

လိမ်လည်မှု

ထွန်းတောက် အိမ်အကူ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ကို အမှုဖွင့်


ရန်ကုန်၊ ဇူလိုင် ၁၉

အကယ်ဒမီ သရုပ်ဆောင် ဒါရိုက်တာ သီဟတင်စိုးအပေါ် မုဒိမ်းမှုပုဒ်မဖြင့် လီဆည်တိုင်ကြားမှုနှင့် ပတ်သက်ပြီး အိမ်အကူနှင့် ပွဲစားအပြင် တာမွေမြို့နယ်၊ ၁၅၃ လမ်းထိပ်တွင် ဖွင့်လှစ်ထားသည့် ထွန်းတောက် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးကိုပါ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျပ်သိန်းတစ်ရာ မပေးလျှင် အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုပုဒ်မဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော အိမ်အကူပွဲစား ဒေါ်ညိုနှင့် အိမ်အကူ မခင်မာမြင့် (ခ) မခင်မာညိုတို့ကို ဇူလိုင်လ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယင်းအမှုဖြစ်စဉ်၏ နောက်ကွယ်တွင် ပါဝင်သူ ထွန်းတောက်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်ကိုပါ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၃၈၉/၁၁၄ ဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါ အမှုကို သီဟတင်စိုး၏ ဇနီးဖြစ်သူ အကယ်ဒမီ ဇင်မာဦးက တရားလိုပြုအမှုဖွင့်တိုင်ကြားထားပြီး အိမ်ပွဲစားနှင့် အိမ်အကူဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကာ ထွန်းတောက်အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်ကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

S-03



FOLLOW US