News

POST TAGGED AS

လိမ်လည်မှု

ပဲခူးတိုင်း ဝေါမြို့နယ် သူဌေးကုန်းကျေးရွာ အလယ်တန်း ကျောင်းအုပ်ဆရာမတစ်ဦးကို ဆိုင်ကယ်ခိုးယူမှု လိမ်လည်မှုများဖြင့် ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ပဲခူးမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဆွတ်ဆိုင်ကျေးရွာနေ အသက် ၂၀နှစ်အရွယ် သူနာပြုဆရာမကို လိမ်လည်ပေါင်းသင်းပြီး လက်ထပ်ခဲ့သည့် အိမ်ထောင်ရှင် အမျိုးသားအား ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းက တစ်လင်တစ်မယား ဥပဒေအရ အရေးယူထားကြောင်း ဝမ်ပုံနယ်မြေရဲစခန်းထံမှ သိရသည်။
အိန္ဒိယနိုင်ငံတွင် တင်တောင်းကြေး (မင်္ဂလာပွဲတွင် သတို့သမီးက သတို့သားဘက်သို့ တင်တောင်းရသော ပိုက်ဆံ) ရရှိရန်အတွက် ပုရိသအဖြစ် ဟန်ဆောင်ကာ မိန်းမနှစ်ဦးကို လိမ်ညာလက်ထပ်ခဲ့သော အမျိုးသမီးတစ်ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
GBS ကုမ္ပဏီမှ ကျပ်သိန်း ၈၇၀၀ ကျော် တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ်များကို လိမ်လည်ရယူခဲ့သည့် အမျိုးသားသုံးဦးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းတွင် လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အငှားယာဉ်တစ်စီးကို ငှားရမ်းစီးနင်းစဉ် လုယက်ခံရကြောင်း ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ လိမ်ညာတိုင်တန်းသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီလ ၈ ရက် မွန်းလွဲပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည့် သားဖြစ်သူအတွက် ယတြာချေရမည်ဟု ပြောဆိုခေါ်ဆောင်ကာ လက်ဝတ်ရတနာများထည့်ထားသည့် ပိုက်ဆံအိတ်အား လိမ်လည်ခိုးယူသွားသည့် အမျိုးသမီးကို ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။