POST TAGGED AS

လိပ်ကျွန်းအမှု

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအတွက် အယူခံ နောက်ဆုံးအဆင့်ဖြစ်သည့် တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် အဆင့်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မြန်မာသံရုံးက ဖွဲ့စည်းထားသည့် အထူး စုံစမ်းစစ်ဆေးရေးကော်မတီ (၃) မှ တာဝန်ခံ ဦးထူးချစ်က ပြောကြားသည်။
ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှု ဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံ တရားရုံးက သေဒဏ် ထပ်မံချမှတ်ခဲ့ခြင်းကို ဖြေလျှော့နိုင်ရေး အစိုးရက ပူးပေါင်း ပါဝင်ပေးရန် ဆန္ဒပြ တောင်းဆိုမှုကို ရန်ကုန်မြို့တွင် မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံတရားရုံးက လည်း သေဒဏ်ဟု ယနေ့ (မတ်လ ၁ ရက်)တွင် စီရင်ချက်ချလိုက်ကြောင်း အဆိုပါအမှုတွင် မြန်မာနှစ်ဦးအတွက် လိုက်ပါ ဆောင်ရွက်နေပေးနေသည့် ဦးစိန်ဌေးက ပြောကြားသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ အယူခံ တရားရုံးက စစ်ဆေးနေပြီး တရားလို ရှေ့နေထံမှ အယူခံ လျှောက်လဲချက် တင်ရန် ကိုးကြိမ် တောင်းဆိုခဲ့သော်လည်း နောက်ဆုံး သတ်မှတ်ရက်အထိ အယူခံဝင်ခြင်း မရှိကြောင်း ယင်းအမှုတွင် လိုက်ပါ ဆောင်ရွက်နေသူများထံမှ သိရှိရသည်။