News

POST TAGGED AS

လိင်တူဆက်ဆံမှု

လိင်တူ အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချ
ရန်ကုန်၊ ဇူလိုင် ၃

အသက် ၁၁ နှစ်အရွယ် ခြောက်တန်းကျောင်းသားတစ်ဦးအား ဆေးကုသပေးမည်ဟုဆိုကာ နေအိမ်သို့ ခေါ်ဆောင်သွားပြီး လိင်တူအဓမ္မပြုကျင့်ခဲ့သည့် အသက် ၆၁ နှစ်အရွယ် ဓာတ်ရိုက်ဓာတ်ဆင်ဆရာဆိုသူ အမျိုးသားအား အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်လ ၂ ရက် မွန်းလွဲပိုင်းတွင် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင်နေထိုင်သူ ဦးအောင်မင်းစိန်သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က အသက် ၁၁ နှစ်အရွယ် ခြောက်တန်းကျောင်းသားတစ်ဦးကို ဆေးကုသပေးမည်၊ ဆေးကုသရန်အတွက် ၎င်းနေထိုင်ရာနေအိမ်၌ တစ်ညလိုက်အိပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားကာ လိင်တူအဓမ္မပြုကျင့်ခဲ့သည့်အတွက် ဒဂုံမြို့သစ် တောင်ပိုင်းမြို့မရဲစခန်းက ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူ့ကို အမှုဖွင့်တဲ့သူက မိန်းမအိမ်ပေါ်ကဆင်းသွားလို့ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပြီး ပြန်ခေါ်ဖို့ အိမ်ကိုပင့်တာ၊ အိမ်ရောက်တော့ သူ့သားရဲ့ဗိုက်ထဲမှာ အလုံးရှိနေတယ်။ ဆေးကုသပေးဖို့ လိုတယ်ပြောပြီး အိမ်ကိုခေါ်သွားတာ၊ ကလေးက လိင်တူ အဓမ္မပြုကျင့်ခံရတော့ ငိုပြီး အိမ်ပြန်လာတယ်၊ အဲဒါနဲ့ စစ်ဆေးမေးမြန်းပြီး ရဲစခန်းကိုတိုင်ခဲ့တာပါ”ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လိင်တူအဓမ္မပြုကျင့်ခံရသူကို ဖခင်ဖြစ်သူက ည ၉ နာရီအချိန်ခန့်တွင် ဓာတ်ရိုက်ဓာတ်ဆင်ဆရာဆိုသူ၏ နေအိမ်သို့ သွားရောက် ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းနောက် ည ၁၁ နာရီခန့်တွင် သားဖြစ်သူမှာ ငိုယိုပြီးနေအိမ်သို့ ပြန်ရောက်လာသဖြင့် စစ်ဆေးမေးမြန်းရာက လိင်တူအဓမ္မပြုကျင့်ခံခဲ့ရသည်ကို သိရှိခဲ့ရခြင်းဖြစ်ပြီး လိင်တူ အဓမ္မပြုကျင့်သည်ဟုဆိုသော ဓာတ်ရိုက် ဓာတ်ဆင်ဆရာ ဦးအောင်မင်းစိန်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင်ဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16



FOLLOW US