News

POST TAGGED AS

လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မေလ ၁၂ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိခဲ့သူများအနက်မှတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့သည့်အတွက် လက်ရှိတွင် သေဆုံးသူ ၂၀ ဦးအထိရှိလာပြီဖြစ်ကြောင်း မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ မြို့ရှောင်လမ်းတွင် ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) က ယာဉ်မတော်တဆမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ယင်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်သူဒေသခံ ၅၀၀ ခန့်မှာ လားရှိုးမြို့ပေါ်ရှိနေရာလေးခုသို့ ရောက်ရှိခိုလှုံလျက်ရှိကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံငါးခုကို စားသုံးသူရေးရာဦးစီးဌာနနှင့် FDA တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မတ်လ ၆ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ သက်တမ်းလွန်ဆေးဝါးများကို တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောကြားသည်။
လားရှိုးမြို့ မြို့တော်ခန်းမအနီး မင်းလမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ် (၁) တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ချိန်ကိုက်ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လမ်း၊ တံတားတိုးဂိတ်များတွင် ကုန်တင်ယာဉ်များ ကတ္တားချိန်တွယ်ရာ၌ ယင်းတိုးဂိတ်ရှိ ကတ္တား၏အလေးချိန်အတိုင်း သတ်မှတ်ကောက်ခံမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကြေညာချက်ကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ ၁၀ ရက်ကြာ ကုန်တင်ယာဉ်များကို ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားကာ ဆန္ဒပြရန်စီစဉ်လျက်ရှိကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့က မူးယစ်ဆေးဝါး ပမာဏ အမြောက်အမြားကို စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ရှမ်းပြည်နယ် လားရှိုးမြို့ရှိ မန်အိုင်ကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၁၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနှင့် အများသုံး ရေသန့်စက် လှူဒါန်းခဲ့ပြီး တိုးချဲ့ တည်ဆောက်ထားသည့် နောင်မွန် မူကြိုကျောင်းဆောင်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အဆိုပါသံရုံးက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့တို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့က အချိန်အခါမဟုတ် နှစ်ပေါင်း ၆၀ ကျော်အတွင်း စံချိန်သစ်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ကျိုင်းတုံမြို့တွင် ရေဘေးသင့်သူ ၃၀ဝ ကျော်ကို ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တ ရွှေ့ပြောင်းခဲ့ရပြီး လားရှိုးမြို့၌ ရိတ်သိမ်းခါနီး စပါးခင်းအချို့ ပျက်စီးခဲ့သည်။
05-Nov-2017 tagged as လားရှိုး
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစေ့ထုတ်ပြောင်းကို ယခင်က မိရိုးဖလာ နည်းစနစ်ဖြင့်သာ စိုက်ပျိုးလာရာမှ တရုတ် နည်းပညာကို အသုံးပြုကာ ပြောင်းလဲစိုက်ပျိုးလျက်ရှိကြောင်း ပြောင်းစိုက် တောင်သူများထံမှ သိရသည်။