News

POST TAGGED AS

လယ်ယာ

24-Jul-2018

ဆန္ဒပြ လယ်ယာ
မုံရွာတွင် လယ်သမားတစ်ဦး တစ်ကိုယ်တော် ဆန္ဒပြ


မုံရွာ၊ ဇူလိုင် ၂၃

လယ်မြေကျူးကျော်ခံရခြင်းနှင့် ချေးငွေမရရှိခြင်းတို့ကြောင့်ဟုဆိုကာ ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးကျေးရွာမှ လယ်သမားတစ်ဦးသည် ဇူလိုင်လ ၂၃ ရက် နေ့က မုံရွာမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ရွာမအကွက်အမှတ် (၁၇၂၆)၊ ဦးပိုင် (၁၇၁) ဦးကြည်လင်းအမည်ပေါက် လယ်မြေသုံးဧကမှာ ၂၀၁၃ ခုနှစ်က ပုံစံ (၇) ရရှိခဲ့သော်လည်း ယာနီးချင်းတစ်ဦးက နှစ်ဧကကျူးကျော်စိုက်ပျိုးနေခြင်း၊ လယ်ယာစိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်မရဖြစ်နေခြင်းစသည့်တို့နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများသိရှိစေရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးဖိုးခိုက ပြောကြားသည်။ 

“ဖခင်အမည်ပေါက်လယ်ဖြစ်ပါတယ်။ လယ်နီးနားချင်း ကျူးကျော်နေလို့ ရဲစခန်း၊ မြို့နယ်ထွေအုပ်ကို ပိုင်ဆိုင်မှုတွေပြပြီး တိုင်တာ ၂၀၁၄ ကတည်းကပေမယ့် ဘာမှထူးခြားမှုမရှိပါဘူး။ ဒါကြောင့် မုံရွာလာပြီး ဆန္ဒထုတ်ဖော်ရတာ နှစ်ကြိမ်မြောက်ရှိပါပြီ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မိမိမြေလယ်မြေ ၁ ဧကသာ လက်ရှိစိုက်ပျိုးနေရ၍ စိုက်ပျိုးစရိတ်ယူလိုသည့်အတွက် မြို့နယ်အဆင့်မြေ စာရင်းရုံး၊ စိုက်/ဘဏ်တို့သို့ သွားရောက် အကူအညီတောင်းသော်လည်း ထူးခြားမှုမရှိ၍ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ စာတင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဖိုးခို၏တိုင်ကြားစာများကို ဒီပဲယင်းမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးသို့ လိပ်မူထားကာ တိုင်ကြားထားကြောင်း 

တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည့် ချင်းတွင်းအင်စတီကျုမှ ဦးကျော်မိုးလှိုင်က ပြောကြားသည်။

R-08



FOLLOW US