News

POST TAGGED AS

လယ်ယာကဏ္ဍ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်းရေမှတ် ကျော်လွန်ရောက်ရှိကာ စပါးစိုက်လယ်ဧက ၇၀၀ ကျော် ရေဝင်နစ်မြုပ်ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ကျေးရွာ ၉၅ ရွာကို ပြည်ထောင်စုအစိုးရက လယ်ယာသုံး ပစ္စည်းများနှင့် ရိက္ခာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
စိုက်ပျိုးရေးကဏ္ဍတွင် အရင်းကျေ ကာလနှင့် မြေယာကိစ္စ အခက်အခဲများ ရှိသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
11-Jul-2017 tagged as လယ်ယာကဏ္ဍ မကွေး
မကွေး တိုင်းဒေသကြီးအတွင်းရှိ မိုးနှမ်းစိုက်ခင်းများ ပုံမှန်ထက် စိုက်ပျိုးမှုမှာ အားရဖွယ်ဖြစ်သော်လည်း စိုက်ခင်းအချို့တွင် ပုံမှန် မဟုတ်ဘဲ သီးပွင့်နေသည့် အသီးအပွင့်များမှာ နှစ်စဉ် ကြုံတွေ့ရသည်ထက် ပိုမိုများပြားနေကြောင်း မကွေးဒေသရှိ နှမ်းစိုက်တောင်သူထံမှ သိရသည်။
20-Jun-2017 tagged as လယ်ယာကဏ္ဍ
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် အမဲသားများကို ဝယ်ယူရန်အတွက် ပြည်တွင်းမှ မွေးမြူရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ် ကမ်းလှမ်းထားကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။
တစ်ဧက အထွက်နှုန်းတိုးပြီး တောင်သူများ ဝင်ငွေတိုးစေရန်အတွက် ၂၀၁၇ ခုနှစ် မိုးစပါးရာသီမှစကာ အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို စပါးစိုက်ဧကပေါင်း သုံးသိန်းခန့် တွင်ကျယ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
01-May-2017 tagged as လယ်ယာကဏ္ဍ
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ငွေကျပ်ဘီလီယံ ၁၉၈၀ ထုတ်ချေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
03-Apr-2017 tagged as လယ်ယာကဏ္ဍ
ပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးကြသည့် ယာမြေတစ်ဧက စိုက်ပျိုးစရိတ်ကို ကျပ်နှစ်သောင်း ထုတ်ချေးလျက်ရှိရာမှ ကျပ်ငါးသောင်းအထိ တိုးချေးပေးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
03-Apr-2017 tagged as လယ်ယာကဏ္ဍ
ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဩစတြီးယား လုပ်ငန်းရှင်များက စိတ်ဝင်စားလျက်ရှိပြီး ယင်းကဏ္ဍများအတွက် ချေးငွေများ ပံ့ပိုး ကူညီမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။
ပြည်သူအများစုက မျှော်လင့်ခဲ့ရသည့် NLD အစိုးရလက်ထက်တိုင် လယ်သမားများ မိမိကိုယ်ကိုယ် သတ်သေခြင်း၊ အစုလိုက်အပြုံလိုက် ထောင်ကျခြင်းတို့အပြင် လယ်သမားများ ကြွေးနွံနစ်နေခြင်းတို့သည် လက်ရှိ မြန်မာ့စိုက်ပျိုးရေး၏ မြေပြင်ပကတိ အရှိတရားများပင် ဖြစ်သည်။