News

POST TAGGED AS

လမ်းတံတား

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြုပြင်နေသည့် ကျေးရွာချင်းဆက်လမ်းပေါ် ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံထားရသော ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဦးသန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြတို့သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ယင်းမြို့နယ်ရဲစခန်းသို့ လာရောက်ကာ အဖမ်းခံခဲ့သည်။
ပုသိမ်ကြီးမြို့နယ် ဒဟတ်တောယာအုပ်စု သရက်ကိုင်းကျေးရွာမှ ဒေသခံ ဒေါ်မြမြကို လမ်းတံတားဥပဒေဖြင့် ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မ ရဲစခန်းရှေ့၌ ဇူလိုင်လ ၂၂ ရက်နေ့က လူစုလူဝေးဖြစ်ခဲ့သည်။
ချင်းပြည်နယ်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရရှိခဲ့သည့် ဘတ်ဂျက်များအနက် တစ်ဝက်ကျော်ကို လမ်းတံတားတည်ဆောက်ရေး စီမံကိန်းများအတွက် အသုံးပြုခဲ့ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
ထားဝယ်မြစ်ကိုဖြတ်ကာ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသည့် လက်ရှိတံတားနှင့်အပြိုင် တံတားအသစ်တစ်စီးကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။
ကရင်ပြည်နယ်အတွင်း ဖောက်လုပ်နေသည့်လမ်းများအနက်မှ လမ်းအပိုင်းသုံးခုကို ယခုလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံအတွင်းရှိ အများပြည်သူ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်နေသည့် ကန်ပတ်လမ်းတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် တံတားအရှည် ပေ ၂၀၀၀ ခန့် အကြီးစား ပြုပြင်တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။