News

POST TAGGED AS

လင်းနို့ဂူပြခန်း

နာဂဒေသ မိုပိုင်းလွတ်မြို့ကို အမည်ပြောင်း၍ စစ်ကိုင်းတိုင်းအတွင်းထည့်
ကလေး၊ ဖေဖော်ဝါရီ ၁၃ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ မိုပိုင်းလွတ်မြို့ကို မိုဝိုင်းလွတ်မြို့ဟု အမည်ပြောင်းလဲသတ်မှတ်၍ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း ဟုမ္မလင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်း ယခင်က ဖွဲ့စည်းထားရှိသော မိုပိုင်းလွတ်မြို့ကို စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းသို့ မိုဝိုင်းလွတ်အမည်ဖြင့် ထည့်သွင်းဖွဲ့စည်းခြင်းနှင့် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“နယ်နိမိတ်က ဟုမ္မလင်းဘက်မှာ ရှိနေတာကိုး။ အဲဒါကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းလိုက်တာ။ ဒါပေမဲ့ ဌာနဆိုင်ရာတွေ အကုန်ပြောင်းဖို့ကတော့ ကြာဦးမယ်ထင်တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ဆိုသည်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုပိုင်းလွတ်မြို့ကို မိုဝိုင်းလွတ်မြို့အဖြစ် အမည်ပြောင်းလဲ သတ်မှတ်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က မိုပိုင်းလွတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များက ဒေသခံများ၏ သဘောထားဆန္ဒခံယူပြီးနောက် ဒေသခံများ သဘောတူသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော် သမ္မတရုံးသို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က တင်ပြထားခဲ့ခြင်းဖြစ်သည်။

လေရှီးမြို့နယ်မှခွဲ၍ မိုပိုင်းလွတ်မြို့ အဖြစ် ၂၀၁၁ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ကာ လူဦးရေ ၁၅၀၀ နီးပါး နေထိုင်သည့်မြို့လည်း ဖြစ်သည်။

R-20



FOLLOW US