News

POST TAGGED AS

လက်ဝှေ့

ကီလိုတန်းအလိုက် ထိုးသတ်ရမည့် Lethwei Nation Championship 2018 အမည်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရုပ်သံလိုင်းသစ် CANAL + က ပထမဆုံးအကြိမ် တိုက်ရိုက်ပြမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
03-Apr-2018 tagged as လက်ဝှေ့
ကီလိုတန်းအလိုက် ထိုးသတ်ရမည့် Lethwei Nation Championship 2018 အမည်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲအတွက် ပွဲစဉ်များကို ဧပြီလ ၃ ရက် (ယနေ့) မဲခွဲမည်ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရှသည်။
မြန်မာ့လက်ခမောင်းကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် World Lethwei Championship-4 ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သော်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာ့လက်ဝှေ့ကျော် တူးတူးအနေနှင့် ကစားသမားဘဝမှ အနားယူပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
ကီလိုတန်းအလိုက်ထိုးသတ်ရမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ ရန်ကုန်မြို့တော်၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
27-Aug-2017 tagged as လက်ဝှေ့
အမေရိကန် လက်ဝှေ့အကျော်အမော် မေဝယ်သာသည် အိုင်ယာလန် MMA ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အထူးစိန်ခေါ်ပွဲစဉ်တွင် မေဝယ်သာက ပွဲချီ ၁၀ ချီမြောက်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
12-Jul-2017 tagged as လက်ဝှေ့
အမေရိကန်လက်ဝှေ့ကစားသမား မေဝယ်သာနှင့် အိုင်ယာလန် UFC ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်တို့သည် လာမည့်သြဂုတ်လ ၂၆ ရက်နေ့တွင် ယှဉ်ပြိုင် ထိုးသတ်မည့် ၎င်းတို့နှစ်ဦး၏ အထူးစိန်ခေါ်ပွဲစဉ်အတွက် ဈေးကွက်မြှင့်တင်ရေး ခရီးစဉ် စတင်လိုက်ပြီဖြစ်ကာ ယင်းခရီးစဉ်၏ ပထမနေ့ တွေ့ဆုံမှုတွင် မက်ဂရီဂေါ်က စိန်ခေါ်ပွဲစဉ် ထိုးသတ်သည့်နေ့၌် မေဝယ်သာကို လေးချီအတွင်း အလဲထိုးပြမည်ဟု ထိုးနှက် ပြောဆိုသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
15-Jun-2017 tagged as လက်ဝှေ့
ရှုံးပွဲမရှိစံချိန်ဖြင့် လက်ဝှေ့လောကကို ကျောခိုင်းစွန့်ခွာ အနားယူသွားခဲ့သော အမေရိကန် လက်ဝှေ့ကစားသမား မေဝယ်သာသည် အိုင်ယာလန် ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်နှင့် လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် အထူးစိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် လက်ဝှေ့လောကသို့ တစ်ကျော့ပြန်လည် ဝင်ရောက်လာခဲ့ပြီ ဖြစ်ကာ နှစ်ဦးနှစ်ဖက်အကြားတွင် ဆွေးနွေးမှုအရပ်ရပ် အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်းကို မေဝယ်သာနှင့် မက်ဂရီဂေါ်တို့ နှစ်ဦးလုံးက ၎င်းတို့၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာများက တစ်ဆင့် အတည်ပြုလိုက်ကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
01-May-2017 tagged as လက်ဝှေ့
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဧပြီလ ၁၈ ရက်က ကျင်းပခဲ့သည့် Lethwei In Japan -3 အမည်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများကို ရွှေတစ်ကျပ်သားစီ ဆုချီးမြှင့်ခဲ့ကြောင်း ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရုပ်ထံမှ သိရသည်။
30-Apr-2017 tagged as လက်ဝှေ့
ဗြိတိန်လက်ဝှေ့ကစားသမား အန်တိုနီ ဂျိုရွှာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘလေ ဘောလုံးကွင်းကြီး၌ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ယူကရိန်း လက်ဝှေ့ကစားသမား ဝလာဒီမာ ကလစ်ရှ်ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် အလဲထိုးရလဒ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း၏ ချန်ပီယံသစ်အဖြစ် ရပ်တည်လိုက်နိုင်ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။