News

POST TAGGED AS

လက်မှုလုပ်ငန်း

မြန်မာ့လက်မှုပစ္စည်းဈေးကွက် အေးစက်နေသည့်အတွက် အလုပ်သမား ၁၀ ဦးထက်မပိုသည့် လက်မှုပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံငယ်များကို အချိန်ကာလတစ်ခုအထိ အခွန်ကင်းလွတ်ခွင့်ပေးရန် (သို့မဟုတ်) အခွန်လျှော့ပေါ့ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မြန်မာ့လက်မှေု အနုပညာအသင်းထံမှ သိရသည်။
ပြည်တွင်းမှ ထန်းလက်၊ ဝါးဖတ်တို့ဖြင့် ပြုလုပ်ထားသည့် လက်မှုပစ္စည်းများကို ၂၀၁၆ ခုနှစ်အတွင်းက အမေရိကန် အစိုးရက ပေးအပ်ထားသည့် အထူးအခွန် ကင်းလွတ်ခွင့် (GSP) ဖြင့် ကုမ္ပဏီတစ်ခုကို ပထမဆုံး တင်ပို့ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
မန္တလေးမြို့နှင့်တစ်ဝိုက် ဘုရားပုထိုးစေတီများ၊ နိုင်ငံခြားသားနှင့် ဘုရားဖူး ဧည့်သည်များ လာရောက် လည်ပတ်တတ်သည့် နေရာများတွင် အညိုရောင် အစေ့လေးများဖြင့် သီကုံးထားသည့် အမှတ်တရ လက်ဆောင် ပစ္စည်းလေးများကို လူတိုင်း တွေ့ဖူးကြမည်။