News

POST TAGGED AS

လက်နက်များ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ အုတ်ဖိုမြို့တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ခြောက်လုံးပြူးသေနတ် တစ်လက်နှင့် ကျည်ဆန်များကို ရိုးအတွင်း ငါးဖမ်းနေသည့် ကလေးနှစ်ဦးက ရှာဖွေတွေ့ရှိခဲ့ကြောင်း အုတ်ဖိုမြို့မရဲစခန်းထံမှ သိရသည်။
ပြည်မြို့ ရွှေဆံတော်ဘုရားပွဲကာလ မြတ်စွယ်တော်ဖွင့်လှစ် ပူဇော်ခံသည့်နေ့မှစတင်၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကိုင်ဆောင်မှု လေးမှုရှိကြောင်း ပြည်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိမှုကြောင့် ဖမ်းဆီးခံထားရသည့် ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် နေပြည်တော် ဟိုတယ် ACE တွင် အောက်တိုဘာလ ၁၇ ရက်နေ့က လက်နက် ကိုးလက်နှင့် ကျည်ဆန်၊ ကျည်အိမ်များ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် အားကစား ဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအား လယ်ဝေးမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ချုပ်ရမန် ယူထားပြီး ယင်းအမှု ကွင်းဆက်မှ ၎င်းအပါအဝင် ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းရှိ ACE ဟိုတယ်ကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသော်လည်း လက်နက်နှင့် မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိမှု ရှိ မရှိကိုမူ အတည်ပြု ဖြေကြားခြင်း မရှိသေးပေ။
20-Jul-2017 tagged as လက်နက်များ
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျွဲတပ်ဆုံရွာတိုးဂိတ်အနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့ ညက လွိုင်ကော်မှ မန္တလေးသို့ သွားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ မောင်းပြန်သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့သို့ တပ်မတော်စစ်ကူစစ်ကြောင်း များရောက်ရှိပြီးနောက် မြို့လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ရာတွင် လက်နက်ခဲယမ်းများ တွေ့ရှိသိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်
28-Oct-2016 tagged as လက်နက်များ
ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ် ဆောင်ဒူလာ ကျေးရွာအုပ်စု ဆော်ပထန်းကျေးရွာတွင် အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်က လက်နက်များ အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ပြုလုပ်သည့် အလုပ်ရုံတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“မနက် ၆ နာရီ လောက်က တိုးဂိတ်အကျော်မှာ ဆိုက်ကားကို တိုက်မိပြီး ပုသိမ်ဘက်ကို မမောင်းဘဲ အထောင်-အိမ်မဲလမ်းဘက်ကို မောင်းပြေးတာ၊ ဒိုးတန်း ကျေးရွာအနား ရေခလုပ်ကျေးရွာအုပ်စု ပေါက်ငူရွာ လမ်းမပေါ်ကနေ လမ်းဘေးကို ထိုးကျပြီး နွံနစ်သွားတယ်။ ကား ဆက်သွားလို့မရတော့ဘဲ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်”
27-Aug-2016 tagged as လက်နက်များ
လှည်းကူးမြို့နယ်ရှိ မင်းလွင်ကုန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် သြဂုတ်လ ၂၇ ရက် နံနက် ၂ နာရီခွဲက TOYOTA HILUX SURF အမျိုးအစား ယာဉ် တစ်စီးကို တားဆီး စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးထံမှ သံတုတ်၊ ဓားရှည်၊ လေးခွနှင့် ဂျင်ကလိများ သိမ်းဆည်း ရမိ