News

POST TAGGED AS

လက်နက်ကိုင်

ခွဲရေးတွဲရေး ပြဿနာနှင့် လုံခြုံရေးကဏ္ဍမှာ တပ်မတော်နှင့် အဓိက သက်ဆိုင်နေသည်လည်းဖြစ်ရာ တပ်မတော် ကိုယ်စားလှယ်များ၏ စိုးရိမ်သံများကိုလည်း ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်။ ထိုစိုးရိမ်သံများနှင့် စကားလုံး လွန်ဆွဲပွဲများကို နောက်ထပ်လာမည့် ၂၁ ရာစု ပင်လုံ အစည်းအဝေးများတွင် မြင်ကြရပေဦးမည်။
စာရေးသူမှာ ‘လက်နက်ကိုင် တော်လှန်ရေးဖြင့် ဗမာပြည်ကြီးကို ပြောင်းပစ်မည်’ ဆိုသော ယုံကြည်မှုဖြင့် ‘တောနှင့် တောင်’ တွင် ကာလတစ်ခု ကျင်လည်ခဲ့ဖူးသည်။ ဆန့်ကျင်ဘက် အကျိုးဆက်တွေသာ ရခဲ့သည်။ ယခုအခါတွင်မူ ‘သေနတ်မလိုတဲ့ နိုင်ငံရေး’ ကို ပြောင်းလဲခံယူခဲ့သည်မှာ နှစ်အချို့မျှသာ ရှိသေးသော်လည်း လက်ဆုပ်လက်ကိုင်ပြစရာ (အနည်းငယ်မျှဖြစ်စေ) ရှိသလောက် ရှိလာပေပြီ။ လက်နက်ကိုင် တော်လှန်ရေးက ‘ကြာလေ တိုင်းပြည်နာလေ’ ဖြစ်သည်။ ရန်သူတွေ မိတ်ဆွေဖြစ်အောင် လုပ်ကြရသော နိုင်ငံရေးက ကြာလေ နားလည်မှု ပိုရလေ၊ သံသယကင်းလေ ငြိမ်းချမ်းရေးနှင့် ပိုနီးလေဖြစ်သည်။ ဤသည်ပင် အသက် ၆၆ နှစ်အရွယ် အဘိုးအိုပေါက်စတစ်ဦး၏ တစ်သက်တာ နိဂုံးချုပ်ချက်ဟု ဆိုချင်သည်။
စစ်ပွဲသံတွေကြားကပင် ပင်လုံညီလာခံကြီး ပြန်စကြပြီ။ ညီလာခံနီးလျှင် ရှေ့တန်းတစ်နေရာ၌ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ မြင်တွေ့ရတတ်သည့် အစဉ်အလာကလည်း မပျက်မယွင်း တည်နေပြန်သည်။
27-May-2017 tagged as လက်နက်ကိုင်
နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစု ပင်လုံညီလာခံသို့ လာရောက်ခဲ့သော မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များသည် မေလ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
21-May-2017 tagged as လက်နက်ကိုင်
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက လက်နက်များ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ကရင်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ် (KPDF) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စောမူဂျီ (ခ) စောမူကြီးကို ပုသိမ်ခရိုင် တရားရုံးက မေလ ၁၈ ရက်နေ့တွင် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
တပ်မတော်က အခြားမည်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကိုမှ လက်သင့်မခံနိုင်ကြောင်း အခိုင်အမာ ပြောဆိုထားရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်ဘက်အစု အနေနှင့် NCA မူဘောင်က အခွင့်အာဏာ ပေးထားသော တာဝန်ဝတ္တရားများ အားလုံးကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် အစွမ်းကုန် ရုန်းကန်ရပေလိမ့်မည်။
တစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေး ဟူသည့် မူဝါဒရှိကြောင်း ထုတ်ဖော်အသိပေးထားသည့်တိုင် တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ပတ်သက်မှုကို ချော့တစ်ခါ၊ ခြောက်တစ်လှည့် ဗျူဟာအဖြစ် အသုံးပြုလျက် ရှိပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည် ညီလာခံ၌ ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် လတ်တလော ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေကြောင်း အပါအဝင် အချက်ခြောက်ချက်ကို သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ညီလာခံသို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။
‘ဝ’ တပ်ဖွဲ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား တရုတ်အမျိုးသား အကျိုးစီးပွားအတွက် သစ္စာရှိသော နောက်လိုက်ကောင်းတစ်ဦးအဖြစ် ရှုမြင်လေသည်။
တရုတ်အတွက်မူ ကေအိုင်အေတို့၏ ရပ်တည်ချက် သဘောထား မသေချာမရေရာ ဖြစ်နေခြင်းက မဝေးကွာတော့သည့် အနာ တ်တွင် ပြီးပြည့်စုံသော ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖွယ် မရှိဟူသော အချက်ကို (ဤအစီရင်ခံစာ အစောပိုင်းတွင် ဆွေးနွေးခဲ့သည့်အတိုင်း) အတည်ပြုနိုင်ခဲ့လေသည်။