News

POST TAGGED AS

လက်နက်ကိုင်

နာဂတွင် မှိုဟင်းချက်စားရာမှ မိသားစုဝင်ငါးဦး အစာအဆိပ်သင့်၊ သုံးဦး သေဆုံး
တနိုင်း၊ ဧပြီ ၂၉

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့နယ် ထဟော (၁ ) ကျေးရွာတွင် မှိုဟင်းချက်စားရာမှ မိသားစုဝင် ငါးဦး အစာအဆိပ်သင့်ရာမှ ၃ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသ၌ ဧပြီ ၂၂ ရက်နေ့က တောင်ပို့မှို အမျိုးအစားတစိမျိုးကို ဟင်းအဖြစ် ချက်စားခဲ့ရာ မိသားစုဝင်ငါးဦးလုံး အစာအဆိပ်သင့်သဖြင့် ပန်ဆောင်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် နန်းယွန်းဆေးရုံသို့ ပြောင်းလဲပို့ ဆောင်ခဲ့ရာ ဧပြီလ ၂၆ ရက်နေ့က အသက် ၂၀ နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် သမီးနှစ်ဦး သေဆုံးသွားခဲ့ပြီး၊ ယနေ့ (ဧပြီလ ၂၉) ရက်နေ့၌ အသက် ၁၁ နှစ်အရွယ် ယောကျာ်လေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ မိခင်နှင့် ဖခင်မှာ ယင်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ကုသမှု ခံယူနေကြောင်း သိရသည်။
“အခုသေဆုံးတာ သုံးယောက်ရှိပြီ။ ကျန်တဲ့တယောက်ကလည်း စိုးရိမ်ရတယ်” ဟု ကူညီဆောင်ရွက်ပေးသူ ဦးလော်တူးက ပြောသည်။

ယခုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ထဟော (၁) ကျေးရွာသည် ပန်ဆောင်မြို့နှင့် သုံးမိုင်ဝေးကွာ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင်း သိရသည်။

(ပုံစာ - နန်းယွန်းပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေစဉ်)

R-06
ဓာတ်ပုံ - Maitai Khaulaw




FOLLOW US