News

POST TAGGED AS

လက်နက်ကိုင်

30-Nov-2016

လက်နက်ကိုင်
လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံရသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိကြောင်း သတင်းထုတ်ပြန်
KIA/TNLA/MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီးရှိ အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ၀န်ထမ်းသုံးဦးအနက်တစ်ဦးအား သေဆုံးလျက်တွေ့ရှိရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသုံးဦးအနက် ကျော်ဇင်ဦးဆိုသူမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် နိုဝင်ဘာ ၂၁ ရက်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသူနှစ်ဦးအနက် ဦးတင့်နိုင်အား နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက နမ့်ဖတ်လွန်းကျေးရွာအနီးရှိ တောစပ်၌ ယာလည်ပင်းမှ ဦးခေါင်းအထိ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ နောက်ကျောခါးရိုးမှ ဗိုက်အထိ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ကျန်တစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



FOLLOW US