News

POST TAGGED AS

လက်နက်ကိုင်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အလျင်အမြန်ညှိနှိုင်းကာ တိုက်ပွဲများ လျှော့ချရေးအတွက် တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော်လည်း တင်ခွင့်မပြုဘဲ ပယ်ချခဲ့ကြောင်း အဆိုပါ အဆိုတင်သည့် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား ဒေါ်နန်းခမ်းအေးက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် မော်တော်ယာဉ်ဖြင့် အောင်ဘာလေထီ လှည့်လည်ရောင်းချသည့် အမျိုးသား ၉ ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Aug-2018 tagged as NCA လက်နက်ကိုင်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့အနေနှင့် ရေရှည်ရပ်တည်နိုင်ရန် စီးပွားရေးကုမ္ပဏီတစ်ခု ပူးပေါင်းတည်ထောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲလုံးဝမရှိတော့သည့်အခြေအနေအထိ ရောက်ရှိရန် ဆက်လက်ညှိနှိုင်းသွားရန် အဖွဲ့ နှစ်ခုကြား သဘောတူခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှသိရသည်။
အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့တွေ့ဆုံရန် စီစဉ်ထားသည့်အစီအစဉ်ကို ကော်မရှင်ဘက်က ရွှေ့ဆိုင်းလိုက်ကြောင်း မြောက်ပိုင်းသုံးဖွဲ့တွင်ပါဝင်သည့် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
... အစိုးရနဲ့ တစ်ခါတွေ့လိုက်၊ တပ်မတော်နဲ့ တစ်မျိုးဆုံလိုက် ဆိုတာမျိုးထက် ကျော်လွန်ပြီး ဒီလုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတ အနေနဲ့ကသာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အခြားနိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ သီးခြားခေါ်ယူတွေ့ဆုံပြီး ဦးဆောင်သင့်တဲ့ကာလ ဖြစ်နေပါပြီ ...
လောလောဆယ်ဖြေရှင်းရမည့် ပြဿနာက လက်နက်ကိုင် အဖွဲ့တွေနှင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းပြီး ဒေသအေးချမ်းသွားဖို့ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဦးစွာ တည်ဆောက်နိုင်ဖို့ ဖြစ်သည်။ မူတွေ၊ ဘောင်တွေ၊ ဖရိန်တွေကို နောက်မှစဉ်းစားပြီး လတ်တလော အဆင်မပြေ ဖြစ်နေသည့် မြောက်ပိုင်းအဖွဲ့တွေနှင့် ဘယ်လို နားလည်မှု တည်ဆောက်မလဲ ဆိုတာသာ အရေးအကြီးဆုံး ဖြစ်ပါသည်။ ထိုပြဿနာတွေ မဖြေရှင်းနိုင်သရွေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ယခုလိုပဲ အနှစ်သာရ ကင်းမဲ့နေပါလိမ့်ဦးမည်။
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ခွဲလုပ်နေရတယ်ဆိုကတည်းက လွဲနေတာပါပဲ။ ဖြတ်သန်းမှုဆန့်ကျင်ဘက်ကနေလာသူ၊ အယူအဆ မတူသူတွေဖြစ်လို့ ကွဲပြားတာ ဘာဆန်းလို့လဲ ဆိုပေမယ့် နိုင်ငံဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် အစိုးရနဲ့ တပ်မတော် အယူအဆကွဲပြား လွန်ဆွဲနေတာမျိုးဖြစ်ရင် ခရီးမတွင်တာပဲ ဖြစ်ပါတယ်။
မူးယစ်ကုန်သည် လက်နက်ကိုင်များနှင့် နိုင်ငံရပ်ခြား ဒုစရိုက်ဂိုဏ်းများသည် မင်းမနိုင် ဥပဒေမဲ့ ဝေးလံခေါင်ဖျား မြန်မာ့တောအုပ်များတွင်ကျင်လည်ကာ အဆင့်အမြင့်ဆုံးသန့်စင်ထားသည် ရေခဲခရစ္စတယ် ခေါ်မီသာအမ်ဖက်တမင်း မူးယစ်ဆေးများကို လှိုင်လှိုင်ကြီးထုတ်နေကြကာ ထိုဆေးများက နယူးဇီလန်နိုင်ငံရှိ လမ်းကြိုလမ်းကြားများတွင် ရောင်းဝယ်ဖောက်ကားဖို့ ရောက်လာနေပေသည်ဟု မူးယစ်ရေးရာ ကျွမ်းကျင်သူများကဆို၏။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြားတွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကျင်းပရန် လုံခြုံရေးကဏ္ဍအတွက် အလွတ်သဘောဆွေးနွေးမှုတွင် ပြေလည်မှု မရရှိသေးကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပါဝင်သူများထံမှ သိရသည်။