News

POST TAGGED AS

လက်နက်ကိုင်

19-Jan-2017 tagged as လက်နက်ကိုင်
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူး တစ်ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ခုက သတ်ဖြတ်သွားသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ဖော်ထုတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ စာပေးပို့၍ အသိပေး တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပဖို့ လျာထားသည်။ ဤအကြိမ်တွင်မူ လူမျိုးစု လက်နက်ကိုင် အားလုံး NCA စာချုပ်တွင် လက်မှတ်ထိုးစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ သဘောထားကို ထုတ်ဖော် ပြောကြားထားသည်။ တပ်မတော်ဘက်ကလည်း လက်မှတ် ထိုးလာစေရန် စစ်ရေးအရ ဖိအားပေးမှုများ လုပ်လာသည်။
နှစ်ဆန်း ၁ ရက်နေ့က လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောဆိုခဲ့သော ‘ပစ်ရင်းခတ်ရင်းနဲ့တော့ ငြိမ်းချမ်းရေး မရနိုင်’ ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားတွင် သူမ၏ အတွင်းသဘောကို ‘ဆဝါး’ နိုင်ပါလိမ့်မည်။
12-Dec-2016 tagged as NCA လက်နက်ကိုင်
မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော လက်နက်ကိုင်ရှစ်ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
ချုံထဲကနေ အပြင်လည်း မထွက်ရဲတော့ ချမ်းတာရော၊ ငတ်တာရော ခံနေရတာပေါ့”
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့တိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးအနက်မှ ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး၏ အလောင်းများကို ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၉ နာရီကျော်က ပြန်တွေ့ရှိခဲ့ကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“စစ်ကို မစဘဲ ငြိမ်းချမ်းရေးလမ်းကြောင်း အတိုင်းသွားတာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်”
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့ရှိ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ တပ်များကို ရွှေ့ပြောင်း၍ အခြားဒေသများတွင် တပ်များ ဆက်လက်ဖြန့်ထားမည် ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် သောင်းကျန်းသူများကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အတည်ပြုသတ်မှတ်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်
တရုတ်အမျိုးသား အကျိုးစီးပွားကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာနေတဲ့ အနေအထားကနေ စဉ်းစားရင် တရုတ်နိုင်ငံအနေနဲ့ အဖျက်အန္တရာယ်ကို ထိန်းချုပ်ဖို့ ဦးဆောင်ဦးရွက် ပြုရမယ်။ တရုတ်နယ်ခြားစောင့်တပ်တွေနဲ့ ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ တရုတ်နိုင်ငံသားတွေနဲ့ စည်းစိမ်ဥစ္စာတို့ကို ထိခိုက်လာနိုင်ခြေန ည်းနိုင်သမျှ နည်းအောင် နယ်ခြားဒေသကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုအားစိုက်ကြရမယ်။