News

POST TAGGED AS

လက်စတာ

15-Sep-2017 tagged as လက်စတာ
လက်စတာတိုက်စစ်မှူး ဗာဒီသည် ဆယ်ကျော်သက်အရွယ်က ၎င်းဝင်ရောက်အလုပ်လုပ်ခဲ့သည့် စက်ရုံသို့ ဇနီးသည် ရေဘက္ကာနှင့်အတူ သွားရောက်လည်ပတ်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
18-Jul-2017 tagged as လက်စတာ
လက်စတာအသင်း နောက်ခံကစားသမား ရောဘတ်ဟုသ်သည် ခြေမျက်စိဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်ပြီဖြစ်၍ ကြံ့ခိုင်မှု ပြည့်ဝစေရန်အတွက် သီတင်းခြောက်ပတ်မှ ရှစ်ပတ်အကြား အနားယူရတော့မည် ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
01-Jun-2017 tagged as လက်စတာ
လက်စတာ တိုက်စစ်တောင်ပံကစားသမား မာရက်ဇ်သည် ၎င်းအနေနှင့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်အတွင်း လက်စတာကို စွန့်ခွာ၍ အသင်းပြောင်းရွှေ့တော့မည် ဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီ ဖြစ်ကာ လက်စတာအသင်း တာဝန်ရှိသူများမှာလည်း ထိုက်တန်သည့် ပြောင်းရွှေ့ ကြေးတစ်ရပ်ကို ပိုင်ဆိုင်ရရှိမည် ဆိုပါက မာရက်ဇ်ကို ရောင်းထုတ်လိုက်ရန် အသင့်ရှိနေကြပြီ ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
16-Mar-2017 tagged as လက်စတာ
ဂျူဗင်တပ် ဂိုးသမား ဘူဖွန်သည် လာမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်တွင် ၎င်းမဆုံတွေ့လိုသည့် ပြိုင်ဘက်အသင်းမှာ လက်စတာ ဖြစ်ကြောင်း ဖွင့်ဟဝန်ခံလိုက်ပြီး လက်စတာမှာ မှန်းဆရ ခက်လွန်းသည့်အတွက် လွန်စွာအန္တရာယ်များကြောင်း ဘူဖွန်က သုံးသပ်ပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
07-Feb-2017 tagged as လက်စတာ
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာအသင်းသည် မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အရေးနိမ့်လိုက်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ပြက္ခဒိန်နှစ်တစ်ခုအစ၌ ယှဉ်ပြိုင်ကစားသည့် အမှတ်ပေးပွဲစဉ် ငါးပွဲဆက်တိုက် ဂိုးပေါက်ပျောက်သည့် ပထမဆုံး ပရီးမီးယားလိဂ်အသင်း ဟူသည့် မှတ်တမ်းဆိုးတစ်ရပ်ဖြင့် ကြုံဆုံသွားခဲ့ရပြီ ဖြစ်ကြောင်း OPTA က ဖော်ပြထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း မိသားစုတစ်စုကနေ ဆင်းသက်ပေါက်ဖွားလာတဲ့ ကလေးငယ်က ဇန်နဝါရီလ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံအခြေစိုက် Workpoint Entertainment ရုပ်သံရဲ့ စွမ်းရည်ပြ အစီအစဉ်မှာ သူ့ရဲ့ဘောလုံးစွမ်းရည်ကို ထုတ်ပြလိုက်ပါတယ်။
28-Dec-2016 tagged as လက်စတာ
လက်စတာ အသင်းသည် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အဲဗာတန်က လက်စတာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ယူသွားခဲ့သော ဘောက်ဆင်းဒေးနေ့ ပရီးမီးယား လိဂ်ပွဲစဉ်တွင် အိမ်ကွင်း ကင်းပါဝါရှိ ထိုင်ခုံများ၌ ဗာဒီမျက်နှာဖုံး သုံးသောင်းထားရှိ၍ ဆန္ဒပြသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် လက်စတာ ဘုန်းတော်ကြီးဟု လူသိများလျက်ရှိသည့် ဖရာပရွမ်မန်းကလာချန်း ဘွဲ့အမည်ရ ဆရာတော်သည် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အောင်ပွဲခံနိုင်စေရန်အတွက် အဆောင်ယတြာတစ်ခု စီရင်ပေးခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။