POST TAGGED AS

ရှမ်းနှစ်သစ်ကူး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ မြို့မ အားကစားကွင်းတွင် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ ပထမဆုံးအကြိမ်အဖြစ် ရှမ်းသီချင်းဆိုပြိုင်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။
တိုင်းရင်းသား မျိုးနွယ်စုပေါင်း များစွာ နေထိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ငါးရက်ကြာ ကျင်းပခဲ့သော်လည်း ယခုနှစ် နှစ်သစ်ကူး ပွဲတော်ကို လုံခြုံရေး အခြေအနေအရ သုံးရက်သာ ကျင်းပမည်