News

POST TAGGED AS

ရှမ်းပြည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမတွင် မတ် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဝက်အတွက် မြို့ပေါ်နှင့်ကျေးလက် သားသတ်လိုင်စင်များကို သက်တမ်းတိုးစနစ်ဖြင့် ရောင်းချခဲ့ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ နမ့်ခင်းရွာနေ အလုပ်ရှင်တစ်ဦးကိုသတ်ကာ ချောင်းရေထဲမျှောချပြီး ထွက်ပြေးတိမ်းရှောင်နေသော လယ်စာရင်းငှားကို ၆ လအကြာ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းမိကြောင်း မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်စိုးအောင်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့ သင်္ချိုင်းအဟောင်းအနီးတွင် ယနေ့ (မတ်လ ၆ ရက်) နံနက် ၆ နာရီ ၅၀ မိနစ်ခန့်က ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် အကြိုးဆွေးနွေးပွဲ ကျင်းပခွင့်အတွက် အစိုးရနှင့် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းများအကြား ပြေလည်မှုမရရှိသေးကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် နွေရာသီကာလ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သောက်သုံးရေလိုအပ်ချက်ရှိလာကြောင်း ယင်းဒေသခံများက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံတက္ကသိုလ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စာသင်ကျောင်း ၃၀၀ ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး ကျောင်းဆောင်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် လုံဟေးမူလတန်းလွန်ကျောင်း၌ မတ်လ ၃ ရက်တွင်ပြုလုပ်ခဲ့သည်။
ရှမ်းစော်ဘွားများ အစဉ်အဆက်အုပ်ချုပ်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရှေးယခင် ဈေးဟောင်းနေရာနှင့် စော်ဘွားကြီးလုပ်ကြံခံရသည့်နေရာတွင် မတ်လ ၂ ရက်၌ စော်ဘွားဈေးနေ့ ကျင်းပမည်ဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေက ရိုးမဘဏ် ဗုံးဖောက်ခွဲခံရမှုတွင် စီစီတီဗီ၏ မှတ်တမ်းပုံရိပ်များမှာ တုန်ခါမှုအရှိန်ကြောင့် ဝေဝါးပျက်စီးခဲ့သည့်အတွက် ကျူးလွန်သူ၏ သက်သေ အထောက်အထားများ ရရှိရန်ခက်ခဲနေကြောင်း လားရှိုး မြို့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး စန်းယုက ပြောကြားသည်။
24-Feb-2018 tagged as ရှမ်းပြည်
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ မန္တလေး-လားရှိုး ကားလမ်းမကြီးပေါ်ရှိ ကုန်တင်ယာဉ်များကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။