News

POST TAGGED AS

ရှမ်းပြည်

12-Dec-2017 tagged as ရှမ်းပြည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော-သာစည် ကားလမ်းတွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည့် ယာဉ်ပေါ်မှ ပစ်ချခဲ့သည့် အထုပ်နှင့် ဆက်စပ်၍ အမှုကွင်းဆက်အရ စိတ်ကြွဆေးပြား နှစ်သိန်းရှစ်သောင်းကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့တို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့က အချိန်အခါမဟုတ် နှစ်ပေါင်း ၆၀ ကျော်အတွင်း စံချိန်သစ်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ကျိုင်းတုံမြို့တွင် ရေဘေးသင့်သူ ၃၀ဝ ကျော်ကို ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တ ရွှေ့ပြောင်းခဲ့ရပြီး လားရှိုးမြို့၌ ရိတ်သိမ်းခါနီး စပါးခင်းအချို့ ပျက်စီးခဲ့သည်။
17-Nov-2017 tagged as ရှမ်းပြည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် တင်းထပ်ရွာအနီးရှိ နမ့်မချောင်းတွင် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခန့်က အသက် ၃၅ နှစ်ခန့်အရွယ် အမည်မသိ ရဟန်းတစ်ပါး ရေဆင်းချိုးရာမှ ရေနစ်ပျံလွန်ခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။
01-Nov-2017 tagged as ရှမ်းပြည်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းတောင်ကျေးရွာတွင် တိုက်ပွဲများ ဖြစ်မည်ဟူသည့် သတင်းများကြောင့် နမ္မတူမြို့နယ်၊ မိုင်းတောင် ကျေးရွာမှ ဒေသခံ ၁၆၅ ဦးသည် နမ္မတူမြို့နယ်၊ အီနိုင်ကျေးရွာသို့ လာရောက် ခိုလှုံလျက်ရှိကြောင်း လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇော်အောင်ထူးက ပြောကြားသည်။
21-Oct-2017 tagged as ရှမ်းပြည်
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် ရွှံ့များထူထပ်ပြီး လမ်းပျက်စီးရာမှ ကုန်တင်ယာဉ်ကြီးများ နွံနစ်ကာ ခရီးသည်တင်ယာဉ်များ အပါအဝင် မော်တော်ယာဉ် အများအပြား ဆက်လက်သွား၍ မရဘဲ ပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ အကြီးတန်းစာရေးဖြစ်သူ ကိုစိုးမင်းအောင်ကို အကြွေးငွေ ကျပ် ၁၄ သိန်း ပြန်မဆပ်နိုင်သည့် အငယ်တန်းစာရေးဖြစ်သူ ညီညီထွန်း ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့၌ တာဝန် ထမ်းဆောင်သည့် မူးယစ်အထူးအဖွဲ့မှ ရဲအုပ်တစ်ဦးကို ပြည်သူတစ်ဦးအပေါ် မချေမငံ ဆက်ဆံပြီး လုပ်ပိုင်ခွင့် အာဏာအလွဲသုံးသည်ဟု ဆိုကာ ရဲချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများထံ တိုင်ကြားခဲ့ရာ အောက်တိုဘာလ ၉ ရက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း တိုင်ကြားခဲ့သူ ဦးအောင်အောင်နေဝင်းက ပြောကြားသည်။
30-Sep-2017 tagged as ရှမ်းပြည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် တရားရုံးတွင် ဌာနဆိုင်ရာ အရာရှိ အချင်းချင်း ဆက်သွယ်ရေး ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားရာ စက်တင်ဘာ ၂၉ ရက်က တရားလိုကို စတင် စစ်ဆေးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးမြင့်သိန်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့ မိုင်းလင်း(အရှေ့) အုပ်စု လန့်တောင်းကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီခန့်က ပြည်သူ့စစ်တစ်ဦး မိမိကိုယ်ကို AK-47 သေနတ်ဖြင့် ပစ်ခတ်၍သေဆုံးခဲ့ကြောင်း မိုင်းလင်းနယ်မြေရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် မိုက်ကွမ်းကျေးရွာအနီးရှိ ကျောက်ထုတ်စခန်း၌ အကြွေးမပေးဘဲ မိဘထွက်ပြေးသဖြင့် အလုပ်သမားခေါင်းက ကလေးနှစ်ဦးကို ရိုက်နှက်ရာ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ၇ နှစ်အရွယ် ကလေး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး ဒဏ်ရာများ ရရှိခဲ့ကြောင်း မိုင်းပန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးတင်ဆိုင်က ပြောကြားသည်။