News

POST TAGGED AS

ရှမ်းပြည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည့် ဆိုးဆေးပါ မုန့်အမျိုး ၄၀ ကို ဇန်နဝါရီလ ၉ ရက်နေ့ကစတင်၍ စစ်ဆေးရှာဖွေနေကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆဋ္ဌမတန်း (ဃ) မှ ကျောင်းသားအချို့ကို ဆံပင်ကွက်ကျားညှပ် အပြစ်ပေးမှုနှင့် ပတ်သက်၍ အဆိုပါဆရာမကို ဇန်​နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခန့်က ခံဝန်ကတိ ရေးထိုးစေခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျော်စိုးသန်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅) မိုင်၊ မိုင်းယုကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာတွင် ဒဏ်ရာရခဲ့သူနှစ်ဦးအနက် သုံးနှစ်အရွယ် ကလေးငယ်သည် ဒုတိယအကြိမ် ခွဲစိတ်ရမည်ဖြစ်၍ အကူအညီလိုအပ်လျက်ရှိကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ မော်တောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မူဆယ်သူ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-လွိုင်မွေလမ်း မိုင်တိုင်အမှတ် (၈/၄) အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က အမျိုးသမီးငယ်တစ်ဦးကိုသတ်၍ မီးရှို့ အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတစ်ဦးကို ဇန်နဝါရီလ ၁ ရက်မှစတင်ကာ စစ်ဆေးနေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဆွေက ပြောကြားသည်။
တောင်ကြီးမြို့ ရွှေမောင်းတောင်ပေါ်တွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရန်စီစဉ်နေကြောင်း တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ပြောကြားသည်။
28-Dec-2017 tagged as FDA ရှမ်းပြည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ခွင့်မပြုထားသော ဆိုးဆေးများပါသည့် မုန့်မျိုးစုံကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းက စတင်၍ ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ ကာလတူအတွင်း တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်မှုဇုန်ရှိ ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်​နယ်​ တောင်​ပိုင်း ​တောင်​ကြီးမြို့​နယ်​ Royal ​​တောင်​ကြီးဟိုတယ်​နှင့် စူဌာမုနိဘုရားရင်​ပြင်​ရှိ ATM စက်​အပါအဝင်​ ​ညောင်​​ရွှေမြို့ အ​​မေးဇင်းဟိုတယ်ရှိ ATM စက်တို့မှ​ ငွေကျပ်​သိန်း ၅၄၀ ​ကျော်​ကို ခိုးယူခဲ့သည့်​ ဘဏ်​ဝန်​ထမ်း​ဟောင်း အမျိုးသားကို ဒီဇင်​ဘာ ၁၄ ရက်​​နေ့ ည ၆ နာရီခန့်​က ခိုးရာပါ ​ငွေ​ကြေးနှင့်​ ဝယ်​ယူထားခဲ့သည့်​ ကားတစ်​စင်းနှင့်​အတူ ဖမ်းဆီးရမိခဲ့သည်​ဟု​ တောင်​ကြီး မြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်။