News

POST TAGGED AS

ရှမ်းပြည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်တွင် တားမြစ်နယ်မြေအတွင်း ဝင်ရောက်ခဲ့သည့် သတ္တုတူးဖော်ရေး ပညာရှင် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းမိကာ ဖေဖော်ဝါရီလ ၃ ရက်တွင် အရေးယူထားကြောင်း မိုင်းပျဉ်းမြို့နယ် လဝက ဦးစီးဌာနထံမှ သိရသည်။
စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ထောပတ်သီးဇုန်ကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ထောင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်၌ တည်ထားကိုးကွယ်မည့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်၏ ဌာပနာပိတ်ပွဲနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက် ၁၈ နှစ်အရွယ် ၁၀ တန်း ကျောင်းသူကို လူသတ်မီးရှို့ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ခန့်က ခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့သည်။
ရှမ်းပြည်နယ် ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်အတွင်းရှိ စော်ဘွားကြီးများ ဝတ်ဆင်ခဲ့သည့် ဝတ်ရုံ ၁၃၈ စုံကို ကြာရှည်ခံရန် ထိန်းသိမ်းပြုပြင်သွားမည်ဟု အမျိုးသားပြတိုက် (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောကြားသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တစ်နေရာကို ကြားဖြတ်ရွေးကောက်ပွဲရှိမှသာ ပြန်လည်အစားထိုး ခန့်အပ်နိုင်မည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ရှမ်းပြည်နယ် လားရှိုးမြို့ရှိ မန်အိုင်ကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၁၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနှင့် အများသုံး ရေသန့်စက် လှူဒါန်းခဲ့ပြီး တိုးချဲ့ တည်ဆောက်ထားသည့် နောင်မွန် မူကြိုကျောင်းဆောင်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အဆိုပါသံရုံးက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စခန်းလေးခုနှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ စခန်းတစ်ခုတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁၂၀၀ ခန့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေသေးကြောင်း ကျောက်မဲမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့တွင် ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများ စုပေါင်းကာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်မှုဇုန် ကုန်စည်စစ်ဆေးရေးဌာနသို့ ဝင်ရောက်လာသည့် ၂၂ ဘီး ယာဉ်အောက်ပိုင်းမှ မိုင်းတစ်လုံး ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ရှိခဲ့ရကြောင်း မူဆယ် ၁၀၅ မိုင် ရဲကင်းမှ စုံစမ်းသိရှိရသည်။