News

POST TAGGED AS

ရှမ်းပြည်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘဏ်တစ်ဘဏ်၌ ဗုံးပေါက်ကွဲသောကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး ၂၂ ဦးဒဏ်ရာရကြောင်း စစ်ဘက်တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ၊ မှောင်ခိုကွန်ရက်များ ထိန်းချုပ်ရေးတိုက်ပွဲများ ဒဏ်ခံရလေ့ရှိသော၊ မကြာခဏဥပဒေစိုးမိုးမှု ကင်းမဲ့နေသော လားရှိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဘုရားကြီးလမ်းရှိ တောရကမ္မဋ္ဌာန်း ကျောင်းတိုက်တွင် ခိုးမှုကျူးလွန်သည်ဟုဆိုသော အမျိုးသားတစ်ဦးကို ကြိုးတုပ်ပြီး သေဆုံးအောင် ရိုက်နှက်မှုဖြင့် ကမ္မဋ္ဌာန်းကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယအမျိုးသားတို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ ရွှေလီမြစ်ကမ်းဘေးတွင် ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက အပုပ်နံ့များထွက်နေသည့် ဆာလာအိတ်တစ်အိတ်အတွင်းမှ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ် မြို့မရဲစခန်းထံမှ သိရှိရသည်။
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်အား အနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) ၏ ပံ့ပိုးကူညီမှုဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Project) ၏ တစ်စိတ်တစ်ဒေသအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အိမ်ခြေပေါင်း တစ်သောင်းကျော်ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစတင်ကာ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NEP စီမံကိန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ ပန်ပဲ(အောက်)ကျေးရွာတွင် နေထိုင်သော အမျိုးသမီးကို တရုတ်မယားအဖြစ် ရောင်းစားခဲ့သော အမျိုးသမီးကို ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းက ဖမ်းမိခဲ့ကြောင်း မိုင်းပါလျှိုးနယ်မြေရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ အခြေစိုက်သည့် UWSA “ဝ” တိုင်းရင်းသားများအပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ “ဝ” တောင်ပိုင်းနေ ဒေသခံများကို ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ ကျိုင်းတုံဒေသသို့ ဝင်ထွက်သွားလာခွင့် တပ်မတော်ဘက်က တားမြစ်ထားကြောင်း လားရှိုးမြို့ “ဝ” ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး၊ မယ်ဟန်ကျေးရွာအုပ်စု ရှန်ခိုက်ကျေးရွာရှိ ဆုတောင်းပြည့်ပေါ်တော်မူ သီရိသျှီဝ ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်သုံးခုတွင် လက်ရှိ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန သုံးခုထပ်တိုးထားကြောင်း ယင်းပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။