News

POST TAGGED AS

ရှမ်းပြည်

မိုင်းတုံတွင် စာမေးပွဲ ဖြေဆိုသည့်အခန်းကို မီးရှို့ 

ကျိုင်းတုံ၊ မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့ နောင်ပါရင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပနေသည့် ပတ္တမြားဆောင် စာဖြေခန်းမကို ယနေ့ (မတ် ၁၅ ရက်) နံနက် ၆ နာရီခန့်က အမည်မသိသူများ မီးရှို့ခဲ့၍ မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်မှုကြောင့် အဆောင်တစ်ခုနှင့် စာရေးစားပွဲများ မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန်ဦးသိန်းမြင့်က ပြောကြားသည်။

“စာမေးပွဲဖြေတဲ့အခန်းကို မီးရှို့ခံရတော့ ကျောင်းသားတွေ အခြားအခန်းကို ပြောင်းရွှေ့ ဖြေဆိုရတယ်။ တာဝန်ရှိသူတွေကတော့ စာမေးပွဲကတ် လာမထုတ်တဲ့ ကျောင်းသား ၁၅ ဦးကို စစ်ဆေးမယ်လို့ သိရတယ်”ဟု မိုင်းတုံမြို့ဒေသခံ ဦးမင်းဇော်က ဆိုသည်။

R-16



FOLLOW US