News

POST TAGGED AS

ရှမ်းပြည်

မွေးစားသမီးကို သုံးနှစ်ကြာ အဓမ္မ ပြုကျင့်သည့် အမျိုးသားကိုအမှုဖွင့်
ကျိုင်းတုံ၊ မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ရွာ၌ နေထိုင်ပြီး အရွယ်မရောက်သေးသည့် မွေးစားသမီးငယ်ကို ငါးတန်းအရွယ်မှစ၍ သုံးနှစ်ကြာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် မွေးစားဖခင်ကို မတ်လ ၁၄ ရက် ညနေ ၆ နာရီခန့်က အမှုဖွင့် အရေးယူထားကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ မွေးစားဖခင်သည် ဆယ်ကျော်သက်အရွယ် မွေးစားသမီးဖြစ်သူကို ၂၀၁၃ ခုနှစ် သြဂုတ်လမှစတင်၍ ၂၀၁၅ ခုနှစ်အထိ အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့ကြောင်း၊ ထိုအကြောင်းကို လက်ရှိတွင် အဋ္ဌမတန်း၌ ပညာသင်ကြားနေသည့် သမီးဖြစ်သူက ပြန်လည် ပြောပြခဲ့၍ အမှုဖွင့် တိုင်ကြားရခြင်းဖြစ်ကြောင်း မွေးစားမိခင်ဖြစ်သူ ပညာရေးဝန်ထမ်း ဒေါ်မာရိယာက ပြောကြားသည်။

“မွေးစားသမီးကို သူ့အမေ ဇီးပင်ကြီးသင်တန်း သွားတက်နေချိန်ကစပြီး နေအိမ်မှာ အဓမ္မ ပြုကျင့်ခဲ့တယ်လို့ သိရတယ်။ ဒါ့အပြင် ကောင်မလေးကို ဘော်ဒါဆောင် သွားထားတော့လည်း ခေါ်ပြီး အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ သိရတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မွေးစားဖခင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးပေတရုကို (ပ)၅/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US