News

POST TAGGED AS

ရှမ်းပြည်

04-Jan-2017

ရှမ်းပြည်
ရာသီဥတု မကောင်း၍ ညောင်ရွှေညဈေး ဖွင့်ပွဲရက် ရွှေ့ဆိုင်း
တောင်ကြီး၊ ဇန်နဝါရီ ၎

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ဟော်ဟောင်းကွင်း (ကျောက်တိုင်ကွင်း) တွင် ယနေ့ (ဇန်နဝါရီ ၄ ရက်) ညနေ ၄ နာရီ၌ ညဈေးတန်း ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ရာသီဥတု မကောင်းသည့်အတွက် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ပြောကြားသည်။

“လတ်တလော ရာသီဥတု အခြေအနေအရ ရာသီဥတု ကင်းစင်ပြီဆိုတာနဲ့ အလွန်ဆုံး တစ်ပတ်ထက် မပိုပါဘူး ပြန်ဖွင့်မှာ။ ရာသီဥတု အနေအထားလေး ကြည့်နေတာ”ဟု ဦးသန်းထွန်းအောင်က ဆိုသည်။

အချိန်ခါမဟုတ် မိုးသည်းထန်းစွာ ရွာသွန်းနေခြင်းကြောင့် ဈေးသည်များ အရောင်းအဝယ် အခက်အခဲ ရှိနိုင်သည့်အတွက် ရက်ရွှေ့လိုက်ရခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့နယ် မြို့ပြ အင်ဂျင်နီယာ ဦးကျော်သူရဆွေက ပြောဆိုသည်။

ညောင်ရွှေညဈေးတွင် ရှမ်းပြည်ဒေသထွက် အမှတ်တရ ပစ္စည်းအရောင်ဆိုင်များ ရိုးရာဝတ်စုံများဖြင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်သည့်ဆိုင်များနှင့် ဒေသထွက်ရိုးရာ စားသောက်ဆိုင်များ စုစုပေါင်း ဆိုင်ခန်း ၇၂ ခန်းပါဝင်ပြီး ညနေ ၅ နာရီမှ ည ၁၀ နာရီအတွင်း ဖွင့်လှစ် ရောင်းချမည်ဖြစ်ကြောင်း မြို့နယ် စည်သာယာရေး ကော်မတီထံမှ သိရသည်။

R-10



FOLLOW US