News

POST TAGGED AS

ရှမ်းပြည်

ပုံပါကျင်တွင် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်းဖမ်းမိ
ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပုံပါကျင်မြို့တွင် ဒီဇင်ဘာ ၂၀ရက် ညနေ ၄နာရီခွဲခန့်က အမျိုးသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်းဖမ်းဆီးရမိကြောင်း ပုံပါကျင်နယ်မြေရဲစခန်းထံမှ သိရသည်။

ပုံပါကျင်မြို့မှ ထိုင်းနယ်စပ်ဂိတ် BP1သို့သွားသည့်ကားလမ်းအနောက်ဘက် တစ်မိုင်ခွဲခန့်အကွာတွင် ကျောပိုးအိတ်ကိုယ်စီဖြင့်တွေ့ရှိသည့် အသက်၂၀အရွယ်နှင့် အသက်၃၇အရွယ်အမျိုးသားနှစ်ဦးကို စစ်ဆေးရှာဖွေရာမှ ကျပ်သိန်း၂၅၀၀တန်ဖိုးရှိလိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အသက်၅၀အရွယ်အဖိုးကြီးတစ်ယောက်က သူတို့တွေကိုမသက်ာလို့ရဲစခန်းကိုခေါ်လာခဲ့တာ။သူတို့တွေက ကျောပိုးအိတ်ထဲမှာ တစ်ယောက်ကို ဆေးပြားငါးသောင်းစီ သယ်လာကြတယ်။ကြည့်ရတဲ့ပုံစံက ဒီမူးယစ်ဆေးဝါးတွေကို ဟိုဘက်ကမ်းပို့ဖို့ သယ်လာတာဖြစ်ဖို့များတယ်"ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက်၂၀နှစ်အရွယ် ဗျာတနှင့် အသက်၃၇နှစ်အရွယ် ငွားဆာတို့နှစ်ဦးကို မယ(ပ)၆/၂၀၁၆၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူထားကြောင်း ပုံပါကျင်နယ်မြေရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US