News

POST TAGGED AS

ရှမ်းပြည်

လင်မယားစကားများရာသို့ ဝင်ဖျန်ဖြေသည့်အမျိုးသား သေနတ်ဖြင့် ပစ်ခံရ
ကျိုင်းတုံ၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခုတ်မြို့ နားမကျေးရွာတွင် ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းက လင်မယားစကားများ ရန်ဖြစ်နေသည်ကို ဝင်ရောက်ဖျန်ဖြေပေးသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခံခဲ့ရကြောင်း မိုင်းခုတ်နယ်မြေ ရဲစခန်းထံမှသိရသည်။

လောအူ (၃၅ နှစ်) နေမကောင်းသဖြင့် ကျအူ (၂၇ နှစ်) နှင့် အိမ်နီးချင်း အမျိုးသားတစ်ဦးတို့ သတင်းမေးလာစဉ် လောအူတို့လင်မယားစကားများပြီး ဇနီးကို တူမီးသေနတ်ပစ်ရန် ချိန်ရွယ်နေသည်ကို တွေ့မြင်သဖြင့် ကျအူက ဝင်ရောက်ဖျန်ဖြေခဲ့ကြောင်း၊ ယင်းကို လောအူက သေနတ်ဖြင့် ပစ်ခတ်ရန် ချိန်ရွယ်၍ ထွက်ပြေးစဉ် နောက်မှပစ်ခတ်သဖြင့် ကျအူ၌ ညာဘက်တင်ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ဘယ်ဘက်တင်ပါးတွင် ကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း အဆိုပါနယ်မြေရဲစခန်းထံမှသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လောအူကို (ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ ဖြင့် အရေးယူကာ ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း မိုင်းခုတ်နယ်မြေရဲစခန်းထံမှ သိရသည်။ 

R-16



FOLLOW US