News

POST TAGGED AS

ရှမ်းပြည်

မိုင်းခုတ်တွင် တောင်ပြို၍ လမ်းလုပ်သားသုံးဦး သေဆုံး
ကျိုင်းတုံ၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ မိုင်းဆတ်-မိုင်ခုတ်လမ်း (၂၃) မိုင် သဲတောင်တွင် ဇူလိုင် ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က တောင်ပြို၍ လမ်းလုပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“လမ်းလုပ်သားတွေရဲ့ ယာယီတဲပေါ်ကို မိုးရွာတော့ ကျောက်တုံးတွေနဲ့ မြေသားတွေ ပြိုကျခဲ့တာပါ။ အခုလက်ရှိတော့ နှစ်လောင်းပဲ တူးဖော်လို့ရသေးပြီး တစ်လောင်းက မတွေ့သေးဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် သာစည်မြို့နယ် ဆင်ရွာတွင် နေထိုင်ကြသည့် ဦးစိုးပိုင် (၃၅ နှစ်) နှင့် ဦးဇော်ဦး (၄၀ နှစ်) တို့၏ အလောင်းများကို တူးဖော်တွေ့ရှိထားပြီး ဦးထင်လင်း (၄၀ နှစ်ခန့်) ၏ အလောင်းကို ရှာဖွေနေဆဲဖြစ်ရာ သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၈) ရေးဖွင့်၍ စုံစမ်းနေကြောင်း မိုင်းခုတ် နယ်မြေရဲစခန်းထံမှ သိရသည်။

R-16




FOLLOW US