News

POST TAGGED AS

ရှမ်းပြည်

လားရှိုးရှိ နေအိမ်တစ်ခုတွင် ဓားဖြင့်ခြိမ်းခြောက် လုယက်
လားရှိုး၊ ဇွန် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၉ နယ်မြေ ၅ ရှိ ပရိဘောဂလုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်ခုတွင် ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဓားဖြင့်ခြိမ်းခြောက်ကာ လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါနေအိမ်၌ အိမ်သားများမရှိဘဲ အိမ်ရှင်အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးက အိမ်အတွင်းဝင်ရောက်လာပြီး ဓားဖြင့်ထောက်၍ အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် ၁၅ သိန်းတို့ကို လုယူသွားခဲ့ခြင်းဖြစ်ကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေပြီး လားရှိုးနယ်မြေရဲစခန်းတွင် ပထမသတင်းပေးချက် အမှတ် ၈၃/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါစခန်းထံမှသိရသည်။

R-07



FOLLOW US