News

POST TAGGED AS

ရှမ်းပြည်

တရုတ်သို့ မီးသွေး တရားမဝင်တင်ပို့မှုများ


လားရှိုး၊ မေ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ မီးသွေးကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချမှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ပွင့်လင်းရာသီမှာ မြန်မာဘက်က မီးသွေးကို တရုတ်ဘက်ကို တရားမဝင်တင်ပို့တာတွေ ရှိနေတယ်။ တရုတ်ဘက်ကလည်း မီးသွေးကို ရသလောက်ဝယ်ကြတယ်။ မိုးရာသီအတွက် ကြိုတင်စုဆောင်းကြတဲ့ သဘောပါပဲ”ဟု နမ့်ခမ်းမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။ 

မြန်မာနိုင်ငံမှ မီးသွေးများကို နမ့်ခမ်းမြို့ မန်ဟောင်းကူးတို့ဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ကြခြင်းဖြစ်ပြီး မန်ဟောင်းဆိပ်ကမ်းတွင် မြန်မာ့မီးသွေးအိတ်များကို ဝယ်ယူစုဆောင်းမှုများရှိနေကြောင်း ကုန်သည်များနှင့် ဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအများစုမှာ မိုးအကုန်ပွင့်လင်းရာသီတွင် တစ်ပိုင်တစ်နိုင် မီးသွေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး မိုးအကျတွင် မီးသွေးလုပ်ငန်း ရပ်နားကြတာဖြစ်ကြောင်း၊ ပွင့်လင်းရာသီတွင်သာ လုပ်ကိုင်ကြပြီး တရုတ်နိုင်ငံသို့တင်ပို့ရန် မီးသွေးကုန်သည်များက ရွာအရောက် လာရောက်ဝယ်ယူမှုများရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

တရုတ်ဘက်သို့ မီးသွေးကို တစ်ပိုင်တစ်နိုင် တင်ပို့နေခြင်းမှာ တရားမဝင်တင်ပို့မှုသာဖြစ်ပြီး မီးသွေးများကို ပြည်ထောင်စုလမ်းပိုင်းမှ သယ်ဆောင်ခြင်းမပြုဘဲ ကျေးရွာချင်းဆက်လမ်းများက တစ်ဆင့်သာ သယ်ယူကြကြောင်း ဒေသခံများက ပြောဆိုသည်။

မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်ရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်ပြီး လက်ရှိအချိန်တွင် မီးသွေးထုတ်လုပ်ခွင့်ကို ပိတ်ပင်ထားကြောင်း၊ ဒေသတွင်း သယ်ဆောင်မည်ဆိုပါက အခွန်ထမ်းဆောင်ပြီးကြောင်း သစ်တောဌာနမှထုတ်ပေးသည့် ပြေစာမျှောစာများ လိုအပ်ကြောင်း၊ လိုအပ်သည့် စာရွက်စာတမ်းခွင့်ပြုချက်များမပါရှိပါက သစ်တောဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း လားရှိုးမြို့ရှိ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးစိုးတင့်က ပြောကြားသည်။ 

R-07




FOLLOW US