News

POST TAGGED AS

ရှမ်းပြည်

ရှမ်းပြည်နယ်သင်္ကြန်ပွဲ ရဲအင်အားတစ်ထောင်ကျော်တိုးချမည်


ကျိုင်းတုံ၊ မတ် ၃၁

ဧပြီလ ၁၃ ရက်စတင်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကာလအတွင်း ရှမ်းပြည်နယ်မြို့နယ်များ၌ အများပြည်သူလုံခြုံရေးအတွက် ယခင်နှစ်ထက် ရဲအင်အားတစ်ထောင်ကျော် တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

သင်္ကြန်ကာလလုံခြုံရေးအတွက် ယခင်နှစ်က ရဲအင်အား ၂၅၀၀ ကျော် ချထားခဲ့ရာမှ ယခုနှစ်တွင် တစ်ထောင်ကျော်တိုး၍ ၃၅၀၀ ကျော် တိုးမြှင့်ချထားမည်ဖြစ်ကြောင်း၊ လုံခြုံရေးစီမံချက်များကို ခရိုင်အလိုက်ရေးဆွဲနေကြောင်း အဆိုပါရုံးမှ ဒုရဲမှူးစိုးထွန်းဝင်းက ပြောကြားသည်။

ရဲတပ်ဖွဲ့အနေနှင့် အရာရှိ ၅၀၀ ကျော်၊ အခြားအဆင့် ၃၀၀၀ ကျော် ထမ်းဆောင်မည်ဖြစ်ရာ သင်္ကြန်​မဏ္ဍပ်များ၊ လူအများစုဝေးသည့် ဈေးများ၊ ကုန်တိုက်များ၊ ပန်းခြံများ၊ ကားဂိတ်၊ လေဆိပ်၊ ဘုရားစေတီတို့အပြင် အရေးကြီး လူပုဂ္ဂိုလ်ယာဉ်တန်းလုံခြုံရေးများ၌ ချထားမည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

R-16



FOLLOW US