News

POST TAGGED AS

ရှမ်းပြည်

သလင်းကျောက် တရားမဝင်သယ်သည့် ကား ၇ စီးနှင့် တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းမိ


နမ့်ခမ်း၊ မတ်၂၈ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သလင်းကျောက်များ တရားမဝင်တင်ဆောင်လာသည့် မော်တော်ယာဉ် ၇ စီးနှင့် တရုတ်နိုင်ငံသား ၈ ဦးကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါဆီလီကွန် (သလင်းကျောက်) များ တင်ဆောင်လာသည့် ယာဉ်များမှာ တရုတ်နံပါတ်များတပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြစ်ပြီး တရုတ်နိုင်ငံသား ၇ ဦးက မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်း ၇ ဦးနှင့် ယာဉ်အကူတစ်ဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့မရဲစခန်းထံမှ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းနေထိုင်သူ ရင်ဆန်းယုံပါ တရုတ်နိုင်ငံသား ၈ ဦးမှာ မတ်လ ၂၅ ရက်နေ့ညပိုင်းက ရွှေလီမြစ် ကောင်းဝိန်းကူးတို့ဆိပ်မှ မူဆယ်မြို့အတွင်းသို့ မော်တော်ယာဉ်များဖြင့် မောင်းနှင်ပြီး တရားမဝင်ခိုးဝင်လာခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ဆီလီကွန် (သလင်းကျောက်) များကို ကွတ်ခိုင်မြို့နယ် ၁၂ မိုင်၊ ကျေးရွာအုပ်စုအတွင်း နမ့်ခမ်း-နမ့်ဖတ်ကာ လမ်းဘေးရှိ တောင်ကုန်းအနီးမှ တင်ဆောင်လာပြီး မူဆယ်မြို့နယ်၊ နမ့်စန်ဂိုဒေါင်ကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ ယာဉ်တစ်စီးလျှင် သလင်းကျောက် ၂၅ တန်ပါရှိပြီး စုစုပေါင်း ၁၇၅ တန်နှင့် ပတ်သက်၍ တရားဝင် ထုတ်ပေးထားသော အထောက်အထားတစ်စုံတစ်ရာ မပါကြောင်း၊ အဆိုပါဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံသား ၈ ဦးကို နမ့်ခမ်းမြို့မရဲစခန်းတွင် သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း နမ့်ခမ်းမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ သလင်းကျောက်များကို ကုန်ကြမ်းအဖြစ် တရားမဝင်ဝယ်ယူခြင်းဖြစ်ပြီး တရုတ်နိုင်ငံဘက်တွင် နည်းပညာအမျိုးမျိုးဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ပြုလုပ်သည်။ 

R-07



FOLLOW US