News

POST TAGGED AS

ရှမ်းပြည်

၁၃ နှစ်သမီး၏ ချစ်သူကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်
ကျိုင်းတုံ၊ မတ် ၇ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ရွှေညောင်ပင်ရွာနေ အသက် ၁၃ နှစ်အရွယ် မိန်းကလေး၏ချစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို မတ်လ ၆ ရက် ညပိုင်းက အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။

“ကောင်လေးနဲ့ ကောင်မလေးက တစ်ရွာတည်းနေ ချစ်သူတွေပါ။ လွန်ခဲ့တဲ့ တစ်လလောက်က ချိန်းတွေ့ချိန်မှာ လွန်လွန်ကျူးကျူးနေထိုင်ခဲ့ပြီး လက်ထပ်ဖို့လုပ်ထားကြတယ်။ အခုမှ ကောင်လေးက မယူတော့တဲ့အတွက် အမှုလာဖွင့်တာပါ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ချစ်သူ ကိုကျာဟယ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံ မြို့မရဲစခန်းထံမှ သိရသည်။ 

R-16



FOLLOW US