News

POST TAGGED AS

ရှမ်းပြည်

အလုပ်ရှင်အားသတ်သူ လယ်စာရင်းငှားကို ၆ လ အကြာတွင် ဖမ်းမိ
ကျိုင်းတုံ၊ မတ် ၆ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ နမ့်ခင်းရွာနေ အလုပ်ရှင်တစ်ဦးကိုသတ်ကာ ချောင်းရေထဲမျှောချပြီး ထွက်ပြေးတိမ်းရှောင်နေသော လယ်စာရင်းငှားကို ၆ လအကြာ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းမိကြောင်း မိုင်းပါလျှိုးနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်စိုးအောင်က ပြောကြားသည်။ 

“အလုပ်ရှင်က သူ့မိန်းမနဲ့ လယ်စာရင်းငှား မရှင်းမရှင်းဖြစ်နေတာကိုသိပြီး စကားများရာကနေ သူကတုတ်နဲ့ ခေါင်းကိုရိုက်သတ်ပြီး ချောင်းထဲမျှောချခဲ့တာလို့ ဝန်ခံထားတယ်၊ ကျူးလွန်သူကိုတော့ တာလေမြို့ တောင်သုံးလုံးရွာကနေ ဖမ်းမိခဲ့တယ်”ဟု ၎င်းက ဆိုသည်။ 

နမ့်ခင်းကျေးရွာနေသူ ဦးကျစော (၅၆ နှစ်) ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၆ ရက်က နမ့်ခင်းချောင်းတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသည်ကို တွေ့ရှိခဲ့၍ စုံစမ်းစစ်ဆေးရာ ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်တွင် လူသတ်မှုကျူးလွန်သူ ဦးအာယုဖော (၄၅ နှစ်) ကို ဖမ်းမိခဲ့ကြောင်း မိုင်းပါလျှိုး နယ်မြေရဲစခန်းထံမှ သိရသည်။
 
R-16



FOLLOW US