News

POST TAGGED AS

ရှမ်းပြည်

25-Sep-2017

ရှမ်းပြည်
ရှမ်းပြည်နယ်၏မြို့နယ် ၅၀ တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်မည်
ကျိုင်းတုံ၊ စက်တင်ဘာ ၂၄ 

ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၀၏ အထင်ကရ နေရာများတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ ဒဏ်ငွေများ ပေးဆောင်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။

“ကျိုင်းတုံမှာတော့ မဟာမြတ်မုနိ ဘုရားကြီးနဲ့ ရပ်တော်မူဘုရားကြီးတို့မှာ ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားတယ်၊ မြို့နယ်ပေါင်း ၅၀ မှာ လုပ်ဖို့ရည်ရွယ်ထားပြီး CSO အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အသိပညာပေး လှုပ်ရှားမှုတွေ လုပ်မယ်”ဟု ၎င်းက ပြောဆိုသည်။ 

ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများ ကြွယ်ဝသော ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လည်ပတ်မှု များပြားသည့် နေရာများ၌ ဆေးလိပ်ငွေ့ ကင်စင်နယ်မြေများ သတ်မှတ်ခြင်းမှာ ကျန်းမာရေရှုထောင့် အပါအဝင် လူမှုရေးရှုထောင့်အမြင်ဖြင့် ကြည့်ပါက ကောင်းမွန်ကြောင်း ဒေသခံများက ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၅၀ တွင် အထင်ကရ နေရာများ၌ ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ ပင်းတယမြို့နယ် ရွှေဥမင်ဘုရား ပရိဝုဏ်အတွင်း၌ ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် ဩဂုတ်လက ပထမဆုံး သတ်မှတ်ကြေညာနိုင်ခဲ့ပြီး ဆေးလိပ်သောက်သုံးပါက ဒဏ်ငွေ ငါးထောင်ကျပ်နှင့် ရောင်းချပါက ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရထံမှ သိရသည်။

R-16



FOLLOW US