News

POST TAGGED AS

ရှမ်းပြည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စခန်းလေးခုနှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ စခန်းတစ်ခုတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁၂၀၀ ခန့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေသေးကြောင်း ကျောက်မဲမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့တွင် ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများ စုပေါင်းကာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်မှုဇုန် ကုန်စည်စစ်ဆေးရေးဌာနသို့ ဝင်ရောက်လာသည့် ၂၂ ဘီး ယာဉ်အောက်ပိုင်းမှ မိုင်းတစ်လုံး ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ရှိခဲ့ရကြောင်း မူဆယ် ၁၀၅ မိုင် ရဲကင်းမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်းကြီးတွင် ဇန်နဝါရီလ ၁၆ ရက်မှစတင်ကာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိလစ်မွန်းပန်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည့် ဆိုးဆေးပါ မုန့်အမျိုး ၄၀ ကို ဇန်နဝါရီလ ၉ ရက်နေ့ကစတင်၍ စစ်ဆေးရှာဖွေနေကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆဋ္ဌမတန်း (ဃ) မှ ကျောင်းသားအချို့ကို ဆံပင်ကွက်ကျားညှပ် အပြစ်ပေးမှုနှင့် ပတ်သက်၍ အဆိုပါဆရာမကို ဇန်​နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခန့်က ခံဝန်ကတိ ရေးထိုးစေခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျော်စိုးသန်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ (၁၀၅) မိုင်၊ မိုင်းယုကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာတွင် ဒဏ်ရာရခဲ့သူနှစ်ဦးအနက် သုံးနှစ်အရွယ် ကလေးငယ်သည် ဒုတိယအကြိမ် ခွဲစိတ်ရမည်ဖြစ်၍ အကူအညီလိုအပ်လျက်ရှိကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ မော်တောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မူဆယ်သူ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-လွိုင်မွေလမ်း မိုင်တိုင်အမှတ် (၈/၄) အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က အမျိုးသမီးငယ်တစ်ဦးကိုသတ်၍ မီးရှို့ အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတစ်ဦးကို ဇန်နဝါရီလ ၁ ရက်မှစတင်ကာ စစ်ဆေးနေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဆွေက ပြောကြားသည်။