News

POST TAGGED AS

ရဲ

လူသတ်မှု ကျူးလွန်သည်ဟုဆိုသော လင်မယား နှစ်ဦးကို သွားရောက်ဖမ်းဆီးသည့် နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
01-Oct-2017 tagged as ရဲ အင်းစိန်
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးသက်ထွန်းမှာ ဒုတိယရဲမှူးကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေးအပ်ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Sep-2017 tagged as ရဲ
ပြည်မြို့ ရွှေတံခါးရပ်ကွက် ပြည်- အောင်လံလမ်း တာဂွလမ်းဆုံအနီး ပြည်မှ အောင်လံဘက်သို့ ရဲအရာရှိ အယောင်ဆောင်လာသူ တစ်ဦးကို စက်တင်ဘာလ ၁၂ ရက်နေ့ ညက လိုင်စင်မဲ့ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
09-Sep-2017 tagged as ရဲ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းတွင် ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက်အစောပိုင်းက ရဲတပ်သားတစ်ဦးက စခန်းမှူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ စခန်းထံမှ သိရသည်။
03-May-2017 tagged as ရဲ
မူးယစ်ဆေးဝါး ရှာဖွေတားဆီးရေး လုပ်ငန်းအတွက် လိုအပ်သော ရဲအရာရှိနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ဝ နီးပါးကို ယခုနှစ် ပထမလေးလအတွင်း ဖြည့်ဆည်းနိုင်ခဲ့ကြောင်း မူးယစ် ဗဟိုရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
မြန်မာလူမျိုး ကြီးကြီးငယ်ငယ်၊ ကျား၊ မ မရွေး အပျော်ရွှင်ရဆုံး၊ မြူးထူး အပျော်ပါးရဆုံး ပွဲတော်မှာ သင်္ကြန်ပင်ဖြစ်သည်။
26-Jan-2017 tagged as ရဲ မန္တလေး
မန္တလေးမြို့တော်သို့ လာရောက်လည်ပတ်သည့် ဘူတန်ဘုရင်၏ ဒွေးတော်နှင့် အဖွဲ့အတွက် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ်တစ်ဦး ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်က ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။
03-Oct-2016 tagged as ရဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ပုဂ္ဂလိကသတင်းစာ တစ်စောင်၏ အသိအမှတ်ပြုဆု ရခဲ့သည့် ဓမ္မစေတီလမ်းတွင် ယာဉ်ထိန်းတာဝန်ကျသူ တပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်ကို ရန်ကုန်မြို့ မိုးသီးပုဂ္ဂလိကအထူးကုဆေးရုံက အခမဲ့ ဆေးကုသခွင့်ပေးရန် ကမ်းလှမ်းထားကြောင်း အဆိုပါ ဆေးရုံမှ အမှုဆောင်အရာရှိချုပ်က The Voice သို့ ပြောကြားသည်။
08-Sep-2016 tagged as ရဲ
လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် ဗစ်တိုးရီးယားကုန်တိုက်ရှေ့၌ လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းတစ်ဦး ဓားဖြင့် ထိုးသတ်ခံရကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးဝင်းက ပြောကြားသည်။
08-Sep-2016 tagged as ရဲ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်သော ရာအိမ်မှူးသစ် ရွေးချယ်ပွဲအတွင်း ဒုရဲအုပ်တစ်ဦးက သေနတ်ကိုင်၍ ခြိမ်းခြောက်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။