News

POST TAGGED AS

ရဲတပ်ကြပ်

ရိုက်တာသတင်းထောက်အမှုတွင် ဖမ်းဆီးခံရသည့် ရဲတပ်ကြပ် ခင်မောင်လင်းကို မိသားစုနှင့်တွေ့ခွင့်ပေးရန် ပြည်ထဲရေးသို့ စာပို့
ရန်ကုန်၊ မေ ၅

ရိုက်တာ သတင်းထောက်နှစ်ယောက် အမှုတွင် ဒုတိယရဲမှူး မိုးရန်နိုင်နှင့်အတူ ဖမ်းဆီးအရေးယူခံထားရသည့် ရဲတပ်ကြပ် ခင်မောင်လင်းကို မိသားစုနှင့်တွေ့ခွင့်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မေ ၄ ရက်က ပြည်ထဲရေးသို့ စာပို့ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“ပြည်ထဲရေးကို မနေ့က ပို့လိုက်တယ်။ လူမှုကွန်ရက်စာမျက်နှာမှာ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး။ ဘယ်မှာချုပ်ထားလဲ အခုထိ မသိရသေးဘူး။ သူ့မိသားစုနဲ့ တွေ့ဆုံခွင့်ရဖို့က အခြေခံလူ့အခွင့်အရေးပဲ”ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ဖမ်းဆီးခံထားရသည့် ရဲတပ်ကြပ် ခင်မောင်လင်းသည် ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ဆုံခွင့်မရခြင်း၊ မည်သည့် အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်းကို မသိရသေးသောကြောင့် ပြည်ထဲရေးကို စာပို့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရဲတပ်ကြပ် ခင်မောင်လင်းကို ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ မိသားစုဝင် ရှေ့နေနှင့်တွေ့ဆုံခွင့်ရရှိရေးတို့ အပါအဝင် ၎င်းတို့ရပိုင်ခွင့်ရှိသော အခြေခံ လူ့အခွင့်အရေးများရရှိရန် ခံစားနိုင်ရေးအတွက် ဆောက်ရွက်ပေးသင့်ကြောင်း ပြည်ထဲရေးထံ ပေးပို့သည့်စာတွင် တိုက်တွန်းရေးသားထားကြောင်း ၎င်းက ပြောကြားသည်။

ရဲတပ်ကြပ် ခင်မောင်လင်းကို ရဲတရားရုံးတွင် စစ်ဆေးနေသည်ဟု သိရကြောင်း လူ့အခွင့်အရေးကော်မရှင်က မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

J-18



FOLLOW US