News

POST TAGGED AS

ရဲတပ်ဖွဲ့

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းမှ နေအိမ်တစ်ခုရှေ့တွင် ၄ ရက်ခန့် ရပ်နားထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၂၈ သိန်းခန့်နှင့် ဘိန်းဖြူ ၄.၇ ကီလိုဂရမ်ခန့်ကို ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ စစ်တောင်း ၁၀ လမ်းနှင့် ချယ်ရီ ၇ လမ်းထောင့်တွင် မတ်လ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က ရေမြောင်းအုတ်နံရံပြိုကျရာမှ မြောင်းပြုပြင်နေသည့် အလုပ်သမားများအပေါ် ပိမိကာ ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သာစည်မြို့နယ် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်အနီးတွင် ကျပ်သိန်း ၃၀ ကျော် တန်ဖိုးရှိ ပိတောက်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် သစ်တော ဦးစီးဌာနထံမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၄ နာရီက လမ်းဘေးရပ်ထားသည့် ကယ်ဒီနားအမျိုးအစား အငှားယာဉ်နှစ်စီးဖြင့် မူးယစ်ဆေးဝါးများ လှည့်လည်ရောင်းချနေသော အမျိုးသားသုံးဦးထံမှ WY စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျဟတ်ခန်း ပြည်နယ်တွင် အောက်လမ်းနည်းဖြင့် ပြုစားသည်ဟုစွပ်စွဲကာ အမျိုးသမီးနှစ်ဦးကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် လူ ၁၁ ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ ရွှေလီမြစ်ကမ်းဘေးတွင် ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက အပုပ်နံ့များထွက်နေသည့် ဆာလာအိတ်တစ်အိတ်အတွင်းမှ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ် မြို့မရဲစခန်းထံမှ သိရှိရသည်။
ဧရာဝတီတိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ အသွင်သဏ္ဌာန် ယူနီဖောင်း (တူညီဝတ်စုံ) များ ဝတ်ဆင်ခြင်း၊ လုံခြုံရေးအဖွဲ့အစည်းများ အသုံးပြုသည့် ရော်ဘာလက်ကိုင်တုတ်၊ စကားပြောစက်များကို ကိုင်ဆောင်ပါက ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်က ပြောကြားသည်။
မိတ္ထီလာမြို့ နယ်မြေ ၉ အောင်ဇေယျာရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အမျိုးသမီးများပါဝင်သော ဖဲဝိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ြမို့ပေါ်တွင် သွားလာနေသူများနှင့် ဈေးဝယ်နေသူများကို ပုဆိန်ပုံစံလက် နက်ဖြင့် လိုက်ခုတ်နေသူတစ်ဦးကို ဖမ်းဆီးရမိပြီဟု ရဲတပ်ဖွဲ့ထံမှ သိရပါသည်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနှင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းသမား ၂ ဦးပါဝင်ရေးသားထားသည့် “မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” အမည်ရှိ အစီရင်ခံစာကို ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။