News

POST TAGGED AS

ရဲတပ်ဖွဲ့

အရပ်သားတစ်ဦးအား သေနတ်ဒင်နှင့်ထုပြီး ပြောင်းဝနှင့်နောက်စေ့ကို ဆောင့်ခဲ့သည်ဟုဆိုသော ပန်းဘဲတန်းမြို့မရဲစခန်း တပ်ဖွဲ့ဝင်အချို့ကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြုလုပ်နေသည့် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ စီမံကိန်း ပိတ်သိမ်းပေးရေးအတွက် ကန့်ကွက်နေသူများထဲမှ ငြိမ်းစုစီဥပဒေ၊ လမ်းတံတားဥပဒေများဖြင့် အမှုဖွင့်ခံနေရသူများကို လာရောက်ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ဇူလိုင်လ ၂၅ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရသည်။
ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အေးရွာ အနောက်ပိုင်းမှ နှစ်ပေါင်းတစ်ရာခန့်တည်ရှိခဲ့သော သင်္ချိုင်းကို ရဲတပ်ဖွဲ့အင်အား ၆၀ ခန့်ဖြင့် ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ဖယ်ရှားရှင်းလင်းရန် ရောက်ရှိလာသော်လည်း ဒေသခံများ ပိတ်ဆို့ကန့်ကွက်ခြင်းကြောင့် သင်္ချိုင်းရွှေ့ပြောင်းမည့် အစီအစဉ် ပျက်သွားကြောင်း အေးရွာ ရပ်ကွက်လုံးဆိုင်ရာ စေတနာရှင် နာရေးကူညီမှုအသင်းမှ ကိုကျော်မိုးက ပြောကြားသည်။
16-Jul-2018 tagged as ရဲတပ်ဖွဲ့
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ရဲချုပ်အောင်ဝင်းဦးကို ရဲဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် ဒုရဲချုပ်မျိုးဆွေဝင်းနှင့် ဒုရဲချုပ်အောင်နိုင်သူတို့ကို ရဲဗိုလ်ချုပ်ရာထူး တိုးမြှင့်ခန့်အပ်လိုက်ကြောင်း အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးထံမှ သိရသည်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၅၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က သုံးရက်အတွင်း ဖမ်းဆီးထားကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။
နိုင်ငံသားများ ပြစ်မှုကျူးလွန်လျှင် ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ထိထိရောက်ရောက် ဖမ်းဆီး၊ အရေးယူမှသာ တရားဥပဒေကို လေးစားရကောင်းမှန်း သိလာမည်ဖြစ်ပြီး အကြောင်းတစ်ခုခုကြောင့် ပေါ့လျော့ခြင်း၊ အဂတိလိုက်စားခြင်း၊ အစိမ်းအကျက် မျက်နှာသာပေးခြင်းများရှိပါက ပြစ်မှုကျူးလွန်သူများက ဥပဒေများကို ပြက်ရယ်ပြုပြီး ယခုကဲ့သို့ အရေးယူခြင်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြလိမ့်မည်ဖြစ်သည်။
နယ်စပ်လုံခြုံရေးကို ကွပ်ကဲဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် အင်အားဖြည့်တင်းရန် နေပြည်တော်နှင့် မန္တလေးမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၈၆ ဦး ရန်ကုန်မြို့သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးဇော်သီဟက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းတွင် ဆင်စွယ်အပါအဈင် တောရိုင်းတိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဂျိုအစုံပါ တိရစ္ဆာန်ဦးခေါင်းပေါင်း ၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အင်ပင်နယ်မြေရဲခစန်းမှ စခန်းမှူး ရဲအုပ်​ဟန်​​ဇော်​ထွန်းက ​ပြောကြားသည်​။
အမရပူရမြို့နယ် စွယ်တော်ကားကွင်းအနီးတွင် မေလ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန်က လူငယ် ၂၀ ဦးခန့်သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို ဓားရှည်များဖြင့် ခုခံသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က အတည်ပြုပြောကြားသည်။
ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်အနီးတွင် မေလ ၁၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုဆန္ဒပြပွဲတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့ က ရှင်းလင်းရာတွင် အရပ်ဝတ်များကို အသုံးပြုခြင်းမရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက အတည်ပြု ပြောကြားသည်။