News

POST TAGGED AS

ရဲတပ်ဖွဲ့

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စင်း လမ်းဘေးထိုးကျ
တောင်ငူ၊ မေ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂ အနီးတွင် မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က ပဲခူး (ဘုရားကြီး) ဘက်မှ ရန်ကုန်ဘက်သို့ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် ရွှေပုလဲသီ ယာဉ်လိုင်းပိုင် Express ယာဉ်တစ်စင်း အရှိန်လွန်ကာ လမ်းဘေးမြေသားပေါ် ထိုးကျခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“ယာဉ်ပေါ်မှာပါတဲ့ ခရီးသည်တွေ တစ်ယောက်မှ ဒဏ်ရာမရပေမဲ့ ကားကတော့ အနည်းငယ်ပျက်စီးသွားတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း ဝင်းသောင်းကို ဘောနတ်ကြီး အမြန်လမ်းရဲစခန်းက ယာဉ် (ပ)၁၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

R-15
ဓာတ်ပုံ-TTO



FOLLOW US