News

POST TAGGED AS

ရဲတပ်ဖွဲ့

08-May-2017

ရဲတပ်ဖွဲ့
ရဲချုပ်တာဝန်ကို နောက်လေးလကြာလျှင် တာဝန်ယူမည်
နေပြည်တော်၊ မေ ၈

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာယီရဲချုပ် တာဝန်ယူထားသည့် ရဲမှူးချုပ် အောင်ဝင်းဦးသည် နောက်လေးလကြာလျှင် ရဲချုပ်တာဝန်ကို တရားဝင် ထမ်းဆောင်မည် ဖြစ်သည်၊၊

ယနေ့ (မေလ ၈ ရက်) နံနက်ပိုင်းက နေပြည်တော် MICC2တွင် ကျင်ပသည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းနားသို့ တက်ရောက်လာစဉ် ယာယီရဲချုပ်က ယင်းသို့ ပြောကြားသည်။
“ယခင် ရဲချုပ်ဆောင်ရွက်ချက်တွေကို ပြောဖို့ စောပါသေးတယ်၊၊ အခု အလွှဲအပြောင်း လုပ်နေတယ်” ဟု ၎င်းက ပြောကြားသည်၊၊

ယခင်က ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဝင်းသည် သက်ပြည့်ပင်စင်ခွင့် လေးလ ခံစားနေကြောင်း၊ ခွင့်ရက်ပြည့်လျှင် ရဲချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး မီဒီယာများနှင့် တွေ့ဆုံရန် အစီစဉ်ရှိကြောင်း ယာယီရဲချုပ် အောင်ဝင်းဦးက ပြောဆိုသည်။ 

Tin Lin




FOLLOW US